Bloody Love Part- 68🖤

287 8 2
                                    

Black Dragonအဖွဲ့သားတွေကို အနောင်နဲ့ မိတ်ဆတ်ပြီးနောက် Leaderတွေသီးသန့် တွေ့ဆုံသည့် အခန်းထဲသို့ T5အဖွဲ့ဝင်တွေအပြင် Second Leaderနှစ်ဉီးကလဲ ဝင်လာသည်။ အခန်းထဲ ရောက်တော အားလုံးခုံမှာ အသီးသီးဝင်ထိုင်လိုက်ကြပြီး မင်းနွယ်က စကားစလာသည်။

"ဆိုတော့ အခုကစပြီး အနောင်က ယာယီ Leaderဖြစ်သွားပြီ။ အဲ့တာကို မင်းတို့ထဲက ဘယ်သူကန့်ကွက်ချင်သေးလဲ?"

"ဟင့်အင်း ကျနော်တို့ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် Bossက ဘယ်လိုဖြစ်ပြီး အခုလိုဖြစ်သွားတာလည်းဆိုတာတော့ ရှင်းပြပေးပါ"

T5အဖွဲ့ဝင် No.1က ခေါင်းဆောင်ပီပီ သိလိုသော မေးခွန်းအားမေးသည်။ No.1အမေးကို ကျန်တဲ့ အဖွဲ့ဝင်4ယောက်ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံကြသည်။

"ဟုတ်ပါတယ် Leader။ ကျနော်တို့ bossက အရမ်းကိုမှသတိရှိပြီး နေရာတိုင်းမှာ စေ့စပ်သေချာသူပါ။ ဒါပေမယ့် အခုလိုဖြစ်သွားတာကိုတော့ ကျနော် မယုံနိုင်သေးဘူး"

No.3ကလည်း ဝင်ပြောလာသည်။ မင်းနွယ် သက်ပြင်းချပြီး

"အင်း အဲ့တာကို ငါတို့တိတ်တဆိတ် စုံစမ်းရလိမ့်မယ်။ နွယ်ငယ်ကို အခုလိုလုပ်တဲ့သူက တော်ရုံလူတော့မဖြစ်နိုင်ဘူး"

မင်းနွယ်စကားအဆုံး စကားဝိုင်းက တိတ်ဆိတ်သွားပြီး ကိုယ်စီအတွေးပြန့်သွားကြသည်။
ထိုစဉ်......

"ခဏ ကလျာအက်စီးဒင့်ဖြစ်တဲ့နေ့က ကျနော်Bossရဲ့ စာရွက်စာတမ်းသွားယူရတယ်နော် ဟုတ်တယ်မလား"

မင်းခရဲ့စကားကြောင့် အကုန်လုံး မင်းခကို အာရုံစိုက်သွားကြသည်။

"ဟုတ်တယ် ကိုယ်မှတ်မိတယ်။ အဲ့နေ့က မင်းနည်းနည်းနောက်ကျလို့တောင် ကိုယ်ဒေါသထွက်မိနေသေးတယ်"

"တကယ်တော့ ကျနော် Companyကို စာရွက်စာတမ်းတွေနဲ့ ပြန်လာဖို့အလုပ် ဒေါ်မေရှင်းဆက်ကို တွေ့လိုက်လို့ သူ့နောက်လိုက်သွားလိုက်တာ။ သူ့ပုံစံက မသင်္ကါစရာကောင်းနေတာမလို့ Bossကို ဖုန်းမဆက်ဘဲ တခါတည်းလိုက်သွားတာ။ သူမက လူမရှိတဲ့ လမ်းအချိုးကြားကို ဝင်သွားပြီး တယောက်ယောက်ကို ဖုန်းဆက်တယ်။ အဲ့နောက် 'ငါခိုင်းထားတာ လုပ်လိုက်တော့'ဆိုပြီး ပြောလိုက်သံကိုကြားလိုက်တယ်။ နောက်တော့ bossစီက မက်ဆေ့ချ် ဝင်လာတာနဲ့ သူမနောက် ဆက်မလိုက်ဘဲ Companyပြန်လာတာ။ မကြာဘူး ကျနော် Companyရောက်လို့ Bossနဲ့ စာရင်းစစ်မလို့အလုပ် အနောင်က ဖုန်းဆက်ပြီး ကလျာ အက်စီးဒင့်ဖြစ်တယ်လို့ ပြောတာဘဲ"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now