Bloody Love part- 45🖤

253 17 1
                                    

ဒဏ္ဍရီစံအိမ်တော်.......

ထိုအိမ်ကြီး၌ လူတွေဟာ အရင်ရက်တွေကထက် ပိုပြီး လူစည်ကားနေသည်....

မီဒီယာပေါင်းစုံ လာရောက်ကြသည်....

အကြောင်းအရင်းမှာ ထိုစံအိမ်ရဲ့ သခင်ကြီး ဉီးအံ့ဘုန်းမာန်ရဲ့ ပထမဇနီး၏ သားနှင့်သမီး လာမည်ဟူသည့် အတွက်ကြောင့်ပင်....

ဉီးအံ့ဘုန်းမာန်က လက်က Rolexနာရီကို ခဏခဏကြည့်နေမိသည်....

ဘာကြောင့်ဆို လာသည့်သင့်အချိန်ထက် ပိုပြီး နောက်ကြနေတာကြောင့် ဖြစ်နေသည်.......

"ဒယ်ဒီ.... ကိုနွယ်နဲ့မနွယ်က မလာသေးဘူးလား..... "

ထိုသူက တခြားသူမဟုတ်....

ဉီး​အံ့ဘုန်းမာန်၏ ဒုတိယဇနီးသည် ဒေါ်မေရှင်းဆက်ရဲ့သား အံ့ရှင်းသန့်ဖြစ်သည်....

Omegaဖြစ်တာကြောင့် လှပမှုဟာလည်း အတိုင်းအစမရှိ....

သို့သော် သူဟာ မြေခွေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲ့သည်....

လူတွေရှေ့၌ ယခုလိုမျိုး ကြောင်သူငယ်တစ်ကောင်လို ချစ်စရာကောင်းတဲ့ ပုံစံလေးဖြစ်ပေမယ့် တကယ့်တမ်းကြ သူဟာ မကောင်းသူပင်....

အဖေတူအမေကွဲဖြစ်သော အမွှာတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ အပိုင်လိုချင်နေတဲ့သူပင်....

ဒါဟာလည်း ငယ်စဉ်ကတည်းက အလိုလိုက်   အကြိုက်ဆောင်ထားသည့် ဖခင်နဲ့မိခင်ကြောင့်ပင်....

"သူတို့လာမှာပါ.... စိတ်မပူနဲ့... "

"ဟုတ်...လာရင် သန့်ကိုပြောနော်..."

ထိုသို့ပြော၍ ရှင်းသန့် ထိုနေရာက ထွက်လာပြီး စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေလိုက်သည်......

မီဒီယာများ လှုပ်လှုပ်ရွရွဖြစ်ကုန်တာကြောင့် ရှင်းသန့် သူ့လူယုံကိုခေါ်ပြီး လှမ်းမေးလိုက်သည်....

"ဘာဖြစ်တာလဲ.... "

"သခင်ကြီးရဲ့ အရင်ကလေးနှစ်ယောက် ရောက်လာလို့ပါ...."

"ဘာ! ငါ့ကို စောစောမပြောဘူး..."

ရှင်းသန့် လျှင်လျှင်မြန်မြန်ဘဲ လူအုပ်ကြားထဲသို့ တိုးဝင်လိုက်သည်....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now