Bloody Love part- 31🖤

286 20 0
                                    

ကျောင်းအဝန်းတစ်ခုလုံးကို နှံ့နေအောင် ရှာသော်လည်း ဖူးငယ်ကို ဘယ်မှာမတွေ့.....

သူ့သူငယ်ချင်းများကို မေးသော်လည်း ထမင်းစားပီးကတည်းက ထွက်သွားတာ ပြန်မလာကြောင်း သိရသည်......

ဂျောင်ဂျိုဂျောင်ကြားပါမကျန် လိုက်ရှာသော်လည်း ဖူးငယ်အား မတွေ့.....

ဖူးငယ် မမကို မနောက်ရဘူးနော်....

မမရဲ့ အကြောင်း ဖူးငယ်လေးသိရဲ့သားနဲ့ကိုကွယ်......

တဖြည်းဖြည်း အသိစိတ်လွတ်ချင်လာသည်....

"ဖူးငယ်! ဖူးငယ်! ကလေးလေး...ထွက်လာပါကွာ....မမရူးလိမ့်မယ် ဖူးငယ်ရဲ့.... "

မျက်ရည်များဖြင့်သာ အော်ခေါ်သော်လည်း ထွက်မလာချေ.....

ငယ်စဉ်ကတည်းက ဂရုစိုက်လာတာရော မိခင်လို ညီမဖြစ်သူပါ ဆုံးရှုံးရမှာကို အံ့ကလျာနွယ် အလွန်ကြောက်မိသည်.....

"ကလျာ....."

ငိုနေသော ကလျာ့အနား ပြည့်စုံက ရောက်လာကာ.....

"ဘာလဲ တွေ့ပြီလားဟင်.....ဖူးငယ်လေးကို တွေ့ပြီလား..... "

သူငယ်ချင်းဖြစ်သူ၏ မျက်ဝန်းတွေဟာ တည်ငြိမ်မနေပါ.....

ကိုမင်းနွယ်က ပြောပြဖူးတာကြောင့် ကလျာမှာ စိတ်ရောဂါ အခံရှိမှန်း ပြည့်စုံသိသည်........

"ဟင့်အင်း.... "

သူက ခေါင်းရမ်းပြတော့ တစ်ဖန် ကလျာဟာ ငြိမ်သက်သွားပြန်သည်.....

ဟေသာကိုတော့ လာခေါ်ခိုင်းလိုက်သည်မို့ အိမ်ပြန်သွားချေပြီ.....

"အား!!!!!!.....ဖူးငယ်!!! ဘယ်မှာလဲလို့.....မမကို မစနဲ့ကွာ!!....ဟား!!!!"

ရုတ်တရက် စိတ်အခြေအနေက ပိုဆိုးလာတာကြောင့် ပြည့်စုံလန့်သွားရသည်....

"ကလျာ.....ကလျာ့! စိတ်ထိန်းစမ်း!...."

"ဖယ်စမ်းပါ!! ဖူးငယ်က ငါ့ကို ပုန်းနေတာဟ!...မမ အရှုံးပေးတယ်! ထွက်ခဲ့တော့ဖူးငယ်ရေ!!"

ကျောင်းကွင်းပြင်အလယ်ကြီးမှာ ကလျာတစ်ယောက် အရူးလိုပင် လိုက်အော်မိနေသည်......

ဘယ်လိုထက်ထင် မမှုနိုင်သေးပါ....

သူ့ရင်ဘက်ထဲ ပူလောင်နေတာကို မည်သူမှမသိပါ​....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Όπου ζουν οι ιστορίες. Ανακάλυψε τώρα