Bloody Love part- 51🖤

275 21 1
                                    

"ဆေးကို ပုံမှန်တိုက်ပေးပါ.....ဒါ့အပြင် အရက်လုံးဝ မသောက်ခိုင်းနဲ့ဉီး....."

နောက်တစ်နေ့မနက်ကျ ကလျာတစ်ယောက် ပင်ပန်းတဲ့ဒဏ်တွေရော အနာကဒဏ်ပါပေါင်းပြီး အဖျားကြီးလေပြီ.....

အစက မည်သူမျှ သူမဖျားနေမှန်းမသိကြ.....

မနက်စာစားရန် ဆင်းမလာတာကြောင့် ကြီးကြီးတင်က သွားနိုးရာ တစ်ကိုယ်လုံး ပူကျစ်ကာ ဖျားနေမှန်းသိလိုက်ရသည်.....

ထို့ကြောင့် ဟန်ဇင်ကိုခေါ်ကာ ဆန်းသပ်ခိုင်းရတော့သည်.....

"ကိုမင်းနွယ်.... ကျနော် ကလျာနဲ့ ပတ်သက်ပြီး ပြောချင်တာလေးရှိတယ်...."

ဟန်ဇင်က ခွင့်တောင်းသလိုဖြင့် မင်းနွယ်ကိုပြောတာကြောင့် မင်းနွယ် ခေါင်းငြိမ့်ပြတော့ ဆက်ပြောသည်....

"ကလျာရဲ့ စိတ်အခြေအနေက အလုံးစုံ မူမှန်မနေဘူး.....အခုတလော ထူးခြားတာမျိုး တွေ့မိလား...."

ဟန်ဇင်၏ အမေးကို မင်းနွယ်ခဏတာ စဉ်းစားဟန် ပြုလိုက်သည်....

နောက်မှ မနေ့ညက အဖြစ်အပျက်၌ ပြောခဲ့တဲ့ အရာတွေကို မင်းနွယ် သတိရသွားသည်.....

"သြော် ရှိတယ်.... သူက တစ်ယောက်ယောက်ကို စွဲလမ်းနေတယ်....မနေ့ည ငိုတုန်းက အဲ့တစ်ယောက်ကို ဘယ်လောက်ချစ်ကြောင်းတွေပြောပြီး ငိုတာ....."

"ဟမ်....ကလျာက ငိုတယ်..."

မင်းနွယ်စီက ကလျာငိုတယ်ဆိုတာကြားတော့ ဟန်ဇင် အံံသြသွားရသည်....

တခါမှ မငိုသောသူမကို အသည်းမာတယ် ဆိုပြီးတောင် ဟန်ဇင် ကောက်ချက်ချထားသေးသည်....

"အင်း....ငါလဲ နားမလည်ဘူး.... အဲ့လူဘယ်သူလဲဆိုတာဘဲ ငါသိချင်နေတာ...."

မင်းနွယ်ရော ဟန်ဇင်ပါ ပြိုင်တူ သက်ပြင်းချလိုက်မိသည်.....

နောက်မှ ဟန်ဇင်က တစ်ခုခုကို သတိရဟန်ဖြင့် ပြောလာသည်.....

"ခဏ....ဟို ကောင်လေးရော ကိုမင်းနွယ်.... "

ဟန်ဇင်ပြောကာမှ မနေ့ကတည်းက မတွေ့မိတာဖြစ်သည်....

အလုပ်ကိစ္စတွေရော ကလျာ့ကြောင့်ပါ သူကို ခဏတာ မေ့သွားသေးသည်.....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now