Bloody Love part- 20🖤

441 20 4
                                    

Warning!!🚨🚨

ကြမ်းတမ်းသော စကားလုံးများ ပါဝင်သောကြောင့် စာဖတ်သူသဘောထားအပေါ် မူတည်ပါသည်....

.........................

No.3(သွေးရိပ်) ယူလာသော စက်ပစ္စည်းလေးမှာ အသွားထက်သော တက်တူးစက်ပုံစံမျိုးပင်.......

ထိပ်၌ ချွန်ထက်နေသော ဓားသွားလေးဟာ အလင်းရောင် ဖျော့ဖျော့၌ လင်းလက်နေသည်......

"အခုကစ မင်းက Black Dragonရဲ့ အရေးပါတဲ့လူဖြစ်သွားပြီ.....ဒီတော့ ငါတို့ရဲ့ သကေတကို မင်းခန္ဓာကိုယ် အစိတ်အပိုင်းတစ်နေရာရာမှာ ထိုးရမယ်...... "

"အင်းသဘောပေါက်တယ် လက်မောင်းဘဲ ထိုးမယ်....."

"အက်ျီကို တစ်ချက်လောက်"

ပြည့်စုံရဲ့ လက်မောင်း၌ အသွားထက်သော ဓားသွားလေးဟာ စိုက်ဝင်သွားကာ လိုအပ်သော ပုံစံကို စတင်ပုံဖော်လေပြီ......

ဆေးမှင်ရောင်တွေ ရောကာ တစ်ဖြည်းဖြည်း နဂါးပုံစံသို့ အရာထင်လာလေပြီ......
.
.
.
.
"ရပြီ"

ပြည့်စုံလည်း ကိုယ့်လက်မောင်းကို ပြန်ကြည့်မိတော့ သွေးစအချို့ဖြင့် ရဲနေသော Black Dragon Shape tattooကို တွေ့ရသည်..

"လိုက်တယ် နင်နဲ့....."

"အင်း"

"No.2!!"

"Yes Boss!!"

"ဟို၂ယောက်ကို လောလောဆယ် ဒီအတိုင်းထားလိုက် မသေစေနဲ့ နောက်နေ့မှ ငါကိုယ်တိုင် သတ်မယ်....."

"ဟုတ်ကဲ့ပါ boss"

No.2(ဟိန်းသစ္စာ)ကို အမိန့်ပေးပြီသည်နှင့် တခြား ဂိုဏ်းသားတွေဘက် လှည့်ကာ......

"နောက်အပတ်ကြ လက်နက် လဲလှယ်မယ့် ကိစ္စရှိတယ်....အခုကထဲက ကြိုတင် ပြင်စင်ထား......"

"Yes, Leader Dark!!"

"ကျနော်တို့အဖွဲ့က ကြိုဆိုပါတယ် ပြည့်စုံ....."

အပြုံးလေးဖြင့် စကားဆိုလာသော စစ်မင်းခကို ပြည့်စုံက ပြန်ပြုံးပြရင်း......

"ကျေးဇူးပါ..... "

"မသိတာတွေရှိရင် မေးလို့ရပါတယ်နော်.....ကျနော်က စစ်မင်းခပါ အသက်က21ပါ......"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now