Bloody Love Part- 10

526 29 1
                                    

စကားတပြောပြောနှင့် အသေးစားမွေးနေ့ပွဲလေးဟာ အလွန်ပျော်စရာကောင်းလှသည်။ အမ် ဒါပေမယ့် ဟိုအမွှာတွေကတော့ တစ်ချက်မှမပြုံး။ အိမ်စေ​မလေးတွေ ထည့်ပေးထားတဲ့ မနက်စာကို စားရင်း၊ ဖုန်းတစ်ဖက်နှင့် အလုပ်ကိုသာ အာရုံစိုက်နေလေသည်။

"ကိုကို!!မမ!!"

"ဟမ် အော်ဖူးငယ်"

"ဘာလို့လဲ ဖူးငယ်"

ဖူးငယ်ဒေါသတစ်ကြီး အော်လိုက်မှ အင်တွေ အယ်တွေဖြစ်ကာ ဖုန်းတွေကို ဘေးချထားလိုက်တယ်။

"အဲ့အလုပ်ကို ဖယ်ထားစမ်းပါ။ အခုမုန့်စား အဖိုးတို့နဲ့ စကားပြောလေ။ ဘယ့်နှယ် အလုပ်တွေကြည့် လုပ်နေတယ်။"

လူကြီးလေးလို သူတို့ကို ကြိမ်းမောင်းနေတဲ့ ကလေးငယ်ကြောင့် ရင်ထဲကြည်နူးမိတာ အမှန်တကယ်။

"ခဏနေ ကိုကိုကျောင်းလိုက်ပို့မယ်။"

"ရဘူး မမ​ပါ ခေါ်ရမယ်"

အံ့ထွဋ်မင်းနွယ် လိုက်ပို့မယ်ဆိုတာကို အမဖြစ်သူပါ ဇွတ်ခေါ်နေတဲ့ကောင်မလေးပင်

"အင်း မမလိုက်မယ်"

"ဟ ငါပို့မှာဆိုနေ"

အံ့ထွဋ်မင်းနွယ်စီက မကျေမနပ်သံလေး ထွက်လာသည်။ ဒါကြောင့် ဖူးငယ်လေးရဲ့ အကြိုအပို့ကို တာဝန်ကို ခွဲထားတာဖြစ်သည်။

အံ့ထွဋ်မင်းနွယ်က ဖူးငယ်ကို ကျောင်းပို့ရပီး ကျောင်းအကြိုကြ အံ့ကလျာနွယ် တာဝန်ပင်။

"ငါက လိုက်ဘဲလိုက်မှာ နင့်ဘာသာ ကားမောင်း မေဘေးရဲ့"

"ဟ မလိုက်ဘဲနေခဲ့ပါလား ကြီးတော်မရဲ့"

"နင့်အမေလင်လား ကြီးတော်မက"

"ငါ့အမေလင်မဟုတ်ဘူး ငါ့လင်လေ ဟဲဟဲ"

"အံ့ ထွဋ် မင်း နွယ်!!"

"ဘာ လဲ"

"ငါ့လက်ထဲ ကိုင်ထားတာ ဓားမြှောင်နော် ထိုးရင် သေမှာ"

ကျောင်းအကြိုအပို့ကိစ္စနဲ့ စကားများရင်း ဓားမြှောင် တွေပါပါလာတာကြောင့် အဖိုးက.......

"နှစ်ယောက်လုံး ကြာပွတ်ဒဏ်ကို မေ့နေတာလား......"

ပြောလိုက်ကာမှ နှစ်ယောက်လုံး ခေါင်းလေးတွေပုသွားကာ လက်ထဲကဓားတွေကို ကိုယ်စီပြန်သိန်းလိုက်သည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now