Bloody Love part- 38🖤

240 16 0
                                    

တဆစ်ဆစ်ကိုက်လာသည့် ခေါင်းကြောင့် နားထင်ကိုဖိကာ အံ့ဆွဲထဲမှ ဆေးဘူးကို လှမ်းယူမည်လုပ်သော်လည်း....

*ဘုန်း!*

"အ့!!"

ခန္ဓာကိုယ်ဟာ အိပ်ယာပေါ်ကနေပြုတ်ကြသွားသည်...

ဆေးဘူးကို အလျှင်အမှန် ထုတ်ရင်း ပါးစပ်ထဲ ၃လုံးလောက် ရေမပါဘဲ မျောချလိုက်သည်....

"ဟမ် ကလျာ"

မင်းနွယ်က လဲကြနေသော ကလျာအား ဆွဲထူကာ အိပ်ရာပေါ်သို့ ပြန်ကူတင်ပေးလိုက်သည်....

"အဆင်ပြေရဲ့လား"

မင်းနွယ်၏အမေးကို ခေါင်းငြိမ့်၍သာ ဖြေလိုက်သည်....

ယခုအချိန်၌ ကလျာစကားပြောလို့ မရသေးချေ.

ခြောက်ကပ်နေသော လည်​ချောင်းကြောင့် ဘာမှာပြောမရပေ....

"နောင်လေးရော"

အားပြု၍သာ ပြောလိုက်သော်လည်း ကွဲအက်နေသော အသံသာ ထွက်လာသည်.....

"သူက သတိရတာကြာပြီ....အလန့်ကြီးသွားတာတဲ့....နင်ကသာ ၂ရက်ရှိပြီ သတိလစ်နေတာ...."

မင်းနွယ်အပြောကြောင့် သောက်လက်စ ရေတောင် ဘယ်ရောက်သွားမှန်းမသိ....

"ဒါဆို Dinnerကရော?"

"နင်အဲ့လို့ဖစ်တယ်ဆိုတာ ဉီးအံ့ဘုန်းမာန်က ကြားတယ်ထင်တယ် Dinnerပွဲကို ရက်ရွေ့လိုက်တယ်"

မင်းနွယ်၏စကားကြောင့် မျက်လုံးပြူးမိသည်...

"ငါမရှိလဲ ပွဲလုပ်လို့ရတာပါဘဲကို..."

"အဲ့တာကြောင့် ပြောတာပေါ့ အဲ့လူမှာ အကြံတစ်ခုခုရှိတယ်လို့...."

နှစ်ယောက်သား စကားပြောနေချိန် ဝင်လာသော တစ်စုံတစ်ယောက်ကြောင့် ပြောလက်ဆ စကားတွေ ရပ်တန့်သွားသည်....

ဝင်လာသူမှာ တခြားမဟုတ် ရှိုင်းရင့်နောင်ပင်......

မျက်နှာချင်းမဆိုင်ချင်သေးတာကြောင့် မျက်နှာကို လွှဲထားလိုက်သည်....

မာမီက သူဝင်လာသည်နှင့် မျက်နှာလွှဲသွားတာကြောင့် ရင်ထဲ ​အောင့်သက်စွာပင်....

"မာမီ နိုးနေပြီဘဲ...."

"မင်းနွယ် သွားတော့.... ငါနားချင်ပြီ...."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Unde poveștirile trăiesc. Descoperă acum