Bloody Love Part-56🖤

335 19 7
                                    

ဝိုင်‌ရောက်နေသည်မှာ Barတစ်ခု၌ ဖြစ်သည်။ ဝိုင့်ဘဝမှာ ပထမဉီးဆုံးအကြိမ် Barကိုလာချင်းသာ။ ဒီအသက်အရွယ်အထိ Barမရောက်ဘူးဘူးဆိုတာတော့ အနည်းငယ် ရယ်ချင်စရာကောင်းသည်။ အခုလောလောဆယ် သူဒါတွေမတွေးနိုင်။ ရင်ထဲက ပူလောင်နေတာကို လျော့ချဖို့ လိုအပ်နေသည်ကိုသာ သိသည်။

အဖျော်ကောင်လေး အပြင်းစားအရာကို ချခိုင်းလိုက်ပြီး ပထမဉီးဆုံး အကြိမ်အနေနဲ့ သောက်လိုက်သည်။ လည်ချောင်းထဲ ဆင်းသွားသော အရည်တွေဟာ ပူ၏။ ဒါပေမယ့် ရင်ထဲက အပူကို မမှီသေးပေ။ တစ်ခွက်ချင်းသောက်ရသည်ကို အားမရသည့်အဆုံး ပုလင်းလိုက် မော့သောက်မိတော့သည်။

"မဒမ်....အဲ့ဟာတွေက တအားြပင်းတာ နည်းနည်းချင်းဘဲ သောက်လို့ကောင်းတာ"

"လျှာမရှည်နဲ့!! မင်းက ဘာသိလို့ ဆရာလာလုပ်နေတာလဲ!"

"ဘာဖြစ်နေတာလဲ"

"အာ ဆရာ"

ဝိုင်နှင့် အဖျော်ဆရာစကားများနေချိန် ပြည့်စုံရောက်သွားချင်းဖြစ်သည်။ ဒီBarကို ပြည့်စုံက ဉီးစီးနေတာကြောင့် မည်သည့်ပြသနာကိုမှ ပြည့်စုံမလိုလားပေ။

"ဘာဖြစ်တာလဲ"

"ဟို...."

"အဟမ်း! မင်းက သူဌေးလား"

အဖျော်ဆရာလေးက ရှင်းမည့်အချိန် ကြားထဲကနေ ဝိုင်က ဖြတ်ပြောလာပြန်သည်။

ပြည့်စုံ မိမိအရှေ့က အရက်မူးနေသော အကောင်ပေါက်ကိုကြည့်ပြီး ပြည့်စုံပြုံးမိသည်။ အရက်ရှိန်ကြောင့် ပါးလေးတွေက ရဲနေပြီး မျက်ဝန်းများဟာလည်း ရီဝေဝေဖြစ်နေသည်။ ဒါ့အပြင် Pheromone အနံ့တွေက လှိုင်းထနေအောင် ပျံ့နေသည်။ တော်သေးတာပေါ့။ အဖျော်ဆရာက Betaဖြစ်နေတာကြောင့်ပင်။ Omegaသာဆို Heat Cycleမရောက်သေးတောင် အသိစိတ်ပြောက်ပြီး Heatကာလ တောင်ရောက်နိုင်သည်အထိ ပြင်းထန်သည်။

"ဟုတ်ပါတယ်။ ကိုယ်က သူဌေးပါ။"

"အေ့...အဲ့တာဆို ကျုပ်ကို ဝယ်တိုက်"

အမူးသမားလေးက လေချင်တွေတက်ရင်း စကားတွေကို မပီမသပြောနေသည်က ပြည့်စုံရဲ့ နှလုံးသားကို အဆမတန် ခုန်ပေါက်စေသည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now