Bloody Love part- 57🖤

296 19 3
                                    

"သား လာ"

ဒယ်ဒီက သူ့အားအရှေ့ကို လက်ဆွဲကာတွန်းပို့လာတာကြောင့် ကြောက်ရွံ့စွာဖြင့်သာ သွားလိုက်မိသည်။ မနွယ်၏ အေးဆက်ဆက်မျက်ဝန်းတွေကို ခံနိုင်ရည် မရှိတာကြောင့် ခေါင်းကိုငုံ့ထားမိသည်။

"လက်စသတ်တော့ နင်က ဒီမိန်းမရဲ့သားပေါ့"

မနွယ်၏ အံကြိတ်သံဟာ ရှင်းသန့်ရဲ့ အားတွေကို ဆွဲနှုတ်လိုက်သည့်အတိုင်း အနောက်ကို တိုးမိသွားသည်။ မနွယ်အား အကြောင်းပြချက် ပေးချင်သော်လည်း လည်ချောင်းဝတွင် တစ်နေသည်။

"အစကတည်းက ရည်ရွယ်ချက်နဲ့ ငါတို့စီကို ရောက်လာတာပေါ့! ဟမ်!"

မနွယ်ရဲ့ ဒေါသသံတွေဟာ ကျယ်လာပြီး အိမ်ထဲက လူတွေကပါ ကြည့်လာကြသည်။ ထို့ကြောင့် ရှင်းသန့် ရှက်စိတ်ရော ကြောက်စိတ်ကပါ ပိုမိုကြီးစိုလာပြီး ခန္ဓာကိုယ်တွေပါ တုန်လာတော့သည်။

မာမီနဲ့ ဒယ်ဒီကတော့ ထိုနေရာမှာ မရှိတော့ချေ။ ဒယ်ဒီက အိမ်အပေါ်ထပ်ကို ခေါ်သွားသည်ကြောင့် မာမီလည်းမရှိတော့ချေ။

"ဒီလိုမှန်းသိရင် အဲ့နေ့ကတည်းက မတွေ့ဘဲနေလိုက်ရမှာ.....စိတ်ပြတ်စရာ သားအမိဘဲ"

မနွယ်က ထိုသို့ရွံရှာစွာပြောပြီး သူ့အရှေ့က ထွက်သွားတော့သည်။ မနွယ်ကို ဖြေရှင်းချက်မပေးနိုင်သည့်အပြင် သူ့အား မုန်းတီးသွားချေပြီ။

"ကို ကိုနွယ်...ရှင်း ပြောပါရစေ"

"ဘာမှပြောစရာမလိုဘူး! .... ဖူးငယ် လိုက်ခဲ့။"

ကိုနွယ်ကပါဖူးကိုခေါ်ပြီး အပေါ်ထပ်ကို တက်သွားကြတော့သည်။ ထိုအရာသည် ရှင်းသန့်အတွက် အဆိုးဆုံးပင်။ ချစ်ရသူများက သူ့အား ရွံရှာမုန်းတီးသွားတော့သည်။

ထိုနေ့မှစ ကိုနွယ်နဲ့မနွယ်က သူ့အား ရှောင်ဖယ်လာသည်။ သူက အရောဝင်သော်လည်း ပြန်ရလိုက်သည်မှာ လျစ်လျူရှုမှုတွေနှင့် နာကျင်မှုတွေပင်။ ချစ်သည့်အတွက်ကြောင့် အပြစ်မမြင်ရက်။

ကိုနွယ်တို့အမေ ရက်လည်ပြီးသည်နှင့် ကိုနွယ်တို့က ထိုအိမ်မှာမနေတော့ချေ။ ဒယ်ဒီအား မေးကြည့်တော့ သူတို့ဉီးလေးနှင့်သာ အတူနေကြောင်းပြောသည်။ ရှင်းသန့်အတွက် မိတ်ဆွေသူငယ်ချင်းဆိုသည်မှာလည်း လုံးလုံးမှမရှိတော့ပေ။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now