Bloody Love Part- 9🖤

567 31 0
                                    

အချိန်တွေဟာ တစ်ရွေ့ရွေ့ကုန်ဆုံးလာလိုက်တာ အရာရာတောင် ပြောင်းလဲကုန်ပြီ။
...................................

*အဲ့တာတွေအားလုံးနင့်ကြောင့်*

*အရူးလိုလူဘဲ*

*ကလျာ အမေ့ကို ဘာလို့မတားတာလဲ*

"ဟားးးးးး"

အိမ်မက်တွေ ထိုကဲ့သို့ အိမ်မက်တွေဟာ နေ့တိုင်းအလိုလိုပင်။ ဒါပေမယ့် မိခင်ဖြစ်သူ၏ အသံကြားတိုင်း အမြဲတမ်း ရင်ဘက်က အောင့်နေသည်။

"ကျစ်! စိတ်ပြတ်လိုက်တာ"

စုတ်သက်တစ်ချက်သက်လိုက်ပြီး ဘေးနားမှာရှိသည့် စီးကရက်ဘူးထဲက တလိပ်ကိုယူပြီး ခပ်ပြင်းပြင်းဖွာလိုက်ရင်း အတွေးတွေက လွန်ခဲ့တဲ့ အတိတ်တွေစီ........

မိခင်ဖြစ်သူ၏ ရက်လည်မရောက်ခင်မှာပင် နောက်မိန်းမယူသွားလေသည်။ ဖခင်ဖြစ်သူကို အလွန်မုန်းသည်။ မုန်းတာထက် ပိုမုန်းသည်။

ဖူးငယ်လေးက ဖခင်ကို တွယ်တာသဖြင့် ဖခင်ဖြစ်သူနှင့် အတူနေခဲ့ရာ မိထွေး၏ နှိပ်စက်မှုကို ခံရရှာသည်။ သို့ပေမယ့် ကလေးငယ်လေးက မည်သို့မျှမတွေးချေ။ သူနဲ့ရွယ်တူ မိထွေး၏ သားဖြစ်သူကိုလည်း ဂရုစိုက်ပေးရှာသည်။

တစ်ရက် ကလေးငယ်ကို တအားရိုက်နေသည့်မြင်ကွင်းကို အံ့ကလျာနွယ် တက်အပ်မြင်လိုက်ရသည်။

ထိုနေ့ကစ ဖူးငယ်လေးကိုပါ သူတို့နှင့်အတူခေါ်လာလိုက်သည်။ သူတို့နှစ်ယောက်လုံး Uni final yearကို မတက်ဘဲ USမှအဖိုး၏ အကူအညီဖြင့် ကုမ္ပဏီတစ်ခုတည်ထောင်ကာ နေထိုင်လာကြသည်မှာ အချိန်တွေအတော်ကြာညောင်းလှပြီ။

အခုတော့ Golden Lionဆိုသည့် ကုမ္ပဏီဟာ လူတိုင်း မသိမရှိပါ။ မြန်မာနိုင်ငံသာမက တခြားနိုင်ငံတွေအထိ ကုမ္ပဏီခွဲတွေဖွင့်ထားပြီ။

Golden Lionရဲ့ ပိုင်ရှင်တွေက ဘယ်သူလဲလို့ မေးခဲ့လို့ရင် လူတိုင်းက "ငယ်ငယ်ရွယ်ရွယ်နဲ့ တအားတော်တဲ့ အမွှာလေးတွေလေ" လို့ဖြေကြသည်။

ယခုဆိုရင် အံ့ကလျာနွယ် နှင့် အံ့ထွဋ်မင်းနွယ်တို့က အသက် 23နှစ်အရွယ်ကို ရောက်ရှိနေလေပြီ။ အံ့ရွှေရည်ဖူးလေးကတော့ 17နှစ်အရွယ် Uni first yearကျောင်းသူလေး​ ဖြစ်နေပြီ။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now