Bloody Love part- 18🖤

372 20 0
                                    

"တစ်ခါတည်းလိုက်ခဲ့ အိမ်ကို...."

"အင်း....ငါ ဟေသာကို ပြန်ခိုင်းအုံးမယ်...."

"အင်း ငါလဲဖူးငယ်ကိုစောင့်ရအုံးမှာ....."

"အေး ခဏဘဲရယ်..... "

ထိုသူတွေကတော့ တွေ့တာ၁ရက်မပြည့်သေးဘဲ တစ်ယောက်နဲ့တစ်ယောက် အချစ်ဆုံး သူငယ်ချင်း ဖြစ်သွားတဲ့......

အံ့ကလျာနွယ် နဲ့ မိုးပြည့်စုံ

ယခုလည်း ကလျာရဲ့ personal assistance (or) Black Dragon Gund's leader Dark(ကလျာ)ရဲ့ လက်ထောက်အနေနဲ့လုပ်ဖို့ ကမ်းလှမ်းတာကြောင့် ချက်ချင်းပင်လက်ခံလိုက်သည်.......

အမှန်တကယ်ဆို ပြည့်စုံက ကျောင်းပြီးပြီးသားပင်.....

ဟေသာနဲ့အတူ ပြန်ပြီး ကျောင်းပြန်တက်ခြင်းဖြစ်သည်.....

Company ရော Gund အကြောင်းရော သီးသန့်ပြောထားပြီးပြီမလို့ ​အရာအားလုံးက ချောချောမွေ့မွေ့......

"ရပီ.... ဟေသာလဲ ပြန်သွားပြီ..... "

"အင်း....ဖူးငယ် အရင်တက်....."

"ဟုတ်"

ထိုသို့ဖြင့် ကလျာရဲ့ ကားအနက်ကလေးဟာ မဟူရာ စံအိမ်တော်သို့.....
..................
..........................

ခြံထဲကို ဝင်လိုက်သည်နှင့် ကြီးမားလွန်းတဲ့ အိမ်ကြီးနဲ့အတူ ကျယ်ပြန့်သည့် ခြံဝင်းက စီးကြိုလျက်......

သူတို့ရဲ့ ကားအနက်ကလေးဟာ အိမ်ရှေ့ရပ်လိုက်သည်နှင့် အိမ်ထဲက မိန်းကလေး 3ယောက်ထွက်လာပြီး နှုတ်ဆက်ကြသည်......

"မဂ်လာပါ သခင်မ.....မဂ်လာပါ သခင်မလေး....."

"ကိုကိုရော ရွန်းရွန်း....."

"ဧည့်ခန်းထဲမှာပါ သခင်မလေး....."

"ရွန်းရွန်း ဧည့်သည်ပါတယ်..... ကြီးကြီးတင်ကို ညနေစာ ပိုပြင်ခိုင်းလိုက်......အမှားမဖြစ်စေနဲ့....."

"ဟုတ်ကဲ့ပါ သခင်မ....."

ထို့နောက် ရွန်းရွန်း ဆိုသည့်မိန်းကလေးဟာ ထွက်သွားပြီး ကျန်၂ယောက်က သူတို့အား ဧည့်ခန်းထဲသို့ ဝင်လာကြသည်.....

အိမ်တွင်းရဲ့ အပြင်အဆင်ဟာ သပ်ရပ်နေပြီး အဖြူနဲ့ အမဲရောင်ကိုသာ ဉီးစားပေးကာ သုံးထားသည်......

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now