Bloody Love part- 58🖤

255 17 1
                                    

ဆေးရုံကုတင်ထက်၌ အောက်ဆီဂျင်ပိုက်ဖြင့် လှဲလျောင်းနေသော အကို့ရဲ့ ပုံစံဟာ မင်းခရဲ့ နှလုံးသားကို ကြေမွစေသည်။ ဆေးသွင်းထားသော အကို့လက်ကလေးကို စုပ်ကိုင်ထားရင်း မင်းခငိုမိပြန်သည်။

"အကို...အမြန်ဆုံး နိုးထလာပါနော်"

"......"

"အကိုရယ် ကျနော့်ကို.မထားခဲ့ပါနဲ့။ အကိုမရှိရင်ကျနော် သေမှာဗျ"

"......."

အကိုဟာ ဘာမှပြန်မပြောဘဲ သူ့၏ပုံစံအတိုင်း တိတ်ဆိတ်နေသည်။

"ကျနော်ရဲ့ အကိုက သန်မာပါတယ်။ မြန်မြန်နိုးလာနော်...ပြွတ်စ်"

အကို့ရဲ့ လက်ဖဝါးလေးကို အနမ်းချွေကာ အကို့ဘေးက ထိုင်ခုံမှာ အကို့ကို ထပ်စောင့်နေလိုက်သည်။

.........................

"ရွှတ်!"

မာမီက သူ့အားဖက်ထားသည်ကို အခုချိန်ထိ မလွှတ်ပေးသည့်အပြင် တရှုံ့ရှုံ့နှင့် ငိုနေသေးသည်။

ဆောင်းဉီးပိုင်းဖြစ်လာသည့်အတွက် ညနေပိုင်းတွင် အအေးဓာတ်ပိုလာသည်။ လေအေးများက ဘေးနားတွင် ဝှေ့ကာတိုက်ခက်နေသည့်အတွက် ချမ်းစိမ့်စိမ့်ဖြစ်နေသည်။

"မာမီ တိတ်တော့နော်...ခေါင်းကိုက်နေမယ်ဗျ"

မာမီအား ရင်ခွင်ထဲကထုတ်ကာ သူနဲ့မျက်နှာချင်း ဆိုင်စေလိုက်သည်။

ငိုထားသည်ကြောင့် မျက်ဝန်းများဟာ ရဲနေပြီး ဖြူဖွေးသော မျက်နှာလေးဟာလည်း ရဲနေသေးသည်။ မျက်တောင်လေးများဟာ မျက်ရည်များကြောင့် စိုစွတ်နေသည့်အတွက် ယခုပုံစံဟာ ကြောင်ဖြူလေးနှင့်ပိုတူနေသည်။

"ဟိဟိ"

"ဘာရယ်တာလဲ အင့်"

အနောင်က အသံထွက်ပြီးရယ်လိုက်တော့ ရှိုက်ကာ ပြန်ပြောလာသည့် မာမီကြောင့် အနောင်ချစ်စိတ်တွေ ပိုတိုးရပြန်သည်။

"ကျနော့်ရဲ့ Alphaက ချစ်စရာကောင်းနေလို့လေဗျာ"

"မစနဲ့"

"ခ်ခ် ဟုတ်ပါပြီနော်..."

"ကိုယ်မ​ေနာက်ဘူး တကယ်ကြောက်တယ်....မင်းကိုယ့်ကို ထားခဲ့မှာ...ချစ်လားဆိုတဲ့အဖြေကို ကိုယ်မဖြေနိုင်သေးဘူး...အင့်...မင်းထားခဲ့မှာကြောက်တာဘဲသိတယ်...အီးဟီး....မင်းထွက်သွားတုန်းက ကိုယ်တအားနာကျင်ရတာ...."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now