Bloody love part-12🖤

474 25 2
                                    

ဒီကနေ့မနက် မဟူရာအိမ်တော်၌ လူတိုင်း အလုပ်ရှုပ်နေကြသည်။ အကြောင်းအရင်းက အိမ်တော်ရဲ့ သခင်မက uni final yearပြန်တက်မည်ဆိုသဖြင့် အားလုံးက သူမအတွက် ပြင်ဆင်ပေးနေကြသည်။

အထူးသဖြင့် ထိုအိမ်တော်ရဲ့ သခင်မလေး အံ့ရွှေရည်ဖူး။ အမဖြစ်သူကို ကျောင်းအတွက်လိုအပ်တာတွေ အကုန် လိုက်လံစစ်ဆေးပေးပြီး လိုအပ်တာ အကုန်လုပ်ပေးရှာသည်။

အံ့ထွဋ်မင်းနွယ် ကိုယ်တိုင်လဲ ဖုန်းနဲ့လူနဲ့မခွာ။ ကျောင်းအုပ်ကြီးကို ဖုန်းဆက်လိုက်။ ကုမ္ပဏီကို ဖုန်းဆက်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။

လူတိုင်းက ကိုယ်စီအလုပ်ရှုပ်နေကြချိန် ကာယကံရှင်ဖြစ်သည့် အံ့ကလျာနွယ်ကတော့ Dinning roomတွင် မနက်စာစားရင်း အေးအေးလူလူ သတင်းစာကို ဖတ်နေလေသည်။

"အင်း ဟုတ်တယ်မင်းခ။ ငါလိုအပ်တာအဲ့ဟာဘဲ။ အခုပြန်လာလိုက်တော့ ပြီးမှပြန်သွား။ အင်း ဒါဘဲ........ဟူးးးးးးးးး"

မင်းနွယ်တစ်ယောက် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချရင်း မနက်စာစားပွဲ၌ ဝင်ထိုင်လိုက်သည်။

"မောလိုက်တာကွာ........"

"ဟူးးးးးးးးးးးးကိုကိုတင်မဟုတ်ဘူး ဖူးငယ်ရောဘဲ......"

မင်းနွယ်ပြောလို့မဆုံးခင်မှာဘဲ နောက်ထပ် ဖူးငယ်ကပါ သက်ပြင်းချကာ လာထိုင်ပြီး ပြောပြန်သည်။

အဖိုးဖြစ်သူကတော့ မြေးသုံး​​ေယာက်ကိုကြည့်၍ ခပ်ပြုံးပြုံးပင်။

"ဟေ့ရောင် မင်းစိတ်မလှုပ်ရှားဘူးလားဟမ်"

"ဘာကို စိတ်လှုပ်ရှားရမှာ"

သတင်းစာကို လက်ကမချဘဲ မျက်မှန်ကို ပင့်တင်ကာ မင်းနွယ်ရဲ့အမေးကို ပြန်ဖြေလိုက်သည်။

အိမ်မှာနေရင်းဖြစ်ဖြစ် သူတို့အချင်းချင်းဖြစ်ဖြစ် တယောက်ကိုတယောက် ဟေ့ရောင်ဆိုပြီးသာ ခေါ်ကြသည်။

"သြော် တက္ကသိုလ်ပြန်တက်ရမှာဆို စိတ်မလှုပ်ရှားဘူးလားလို့"

"မလှုပ်ရှားဘူး.......ငါ့ဘာသာပြန်တက်တာ ဘာကို စိတ်လှုပ်ရှားရမှာ......"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Wo Geschichten leben. Entdecke jetzt