Bloody Love part- 65🖤

214 15 0
                                    

သူခေါ်လာသည့်တစ်လျှောက် ငြိမ်သက်စွာ လိုက်ပါလာတဲ့ အနောင့်ကို ပြည့်စုံ ခဏခဏကြည့်နေမိသည်။ အနောင်ရဲ့ မျက်ဝန်းတွေဟာ နာကျင်နေသည့်အရိပ်အရောင်တွေ အများကြီးတွေ့နေရသည်။ ပြည့်စုံ အနောင့်ကို ကိုယ်ချင်းစာပါသည်။ မိမိရှေ့မှာတင် ကားတိုက်ခံရတဲ့ မိမိချစ်သူကို မြင်လိုက်ရသည်မှာ ဘယ်လောက်တောင် သွေးပျက်လိုက်မလဲ။ ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ။ စဉ်းစားလို့မရပေ။

ဘေးက မပြည့်က အခန်းကိုလိုက်ပို့ပေမယ့် သူနဲ့လည်း စကားမပြောမိ။ အခန်းရှေ့ရောက်တော့ မပြည့်က တံခါးဖွင့်ပေးပြီး သူ့ကိုတွဲကာ ကုတင်ပေါ် ထိုင်စေသည်။

"အနောင် ရင်ဖွင့်ချင်လား"

မပြည့်စကားကြောင့် အနောင်လှည့်ကြည့်လိုက်သည်။ အပြုံးလေးပြုံးပြဖို့လဲ သူမမေ့ပါဘူး။

"ရပါတယ်"

ထိုကောင်လေးဟာ ထပ်မံလိမ်ညာပြန်သည်။ ထိုအကျင့်ကတော့ ကလျာနဲ့ တစ်ပုံစံထဲပင်။ သူတို့ခံစားချက်တွေ လျှို့ဝှက်တက်လွန်းသည်။ နာကျင်နေရင်တောင် ထိုကောင်လေးက အပြုံးလေးတွေနဲ့ ဖုံးကွယ်ထားသည်။ နာကျင်နေရင်တောင် ကလျာဟာ အေးစက်မှုတွေနဲ့ ဖုံးကွယ်ထားသည်။

ပြည့်စုံ သက်ပြင်းသာ ချနိုင်တော့သည်။ သူကိုယ်တိုင်လည်း ဘာမျှမလုပ်နိုင်သည့်အတွက် ငြိမ်နေရပါတော့သည်။

"ကိုမင်းနွယ်ကို စိတ်မခုသွားပါနဲ့"

မပြည့်ရဲ့ ဆိုလိုရင်းကို အနောင်နားလည်တာကြောင့်

"ကျနော် ဘယ်လိုမှသဘောမထားပါဘူး မပြည့်။ ကျနော်က ချို့တဲ့လူ အဆင့်နိမ့်Omegaဆိုတာလည်း သိပါတယ်။ အခုလို ရဲရဲတင်းတင်း တောင်းဆိုမိတာကလည်း မာမီရှိခဲ့တဲ့ အဲ့နေရာတွေမှာ သူ့ရဲ့ အငွေ့အသက်လေးတွေကို ရှုရှိုက်ရင်း ဖြတ်သန်းချင်လို့ပါ။"

အနောင်ရဲ့ စကားကြောင့် တံခါးအပြင်က မင်းနွယ်ကတော့ မျက်ရည်များဟာ ထပ်မံစီးဆင်းနေရပြန်သည်။ မင်းခလည်း အနောင့်စကားကြောင့် စိတ်မကောင်း ဖြစ်မိသည်။ တံခါးကို မှီကာ ငိုနေသော ကိုကို့ကိုလည်း မင်းခသနားမိသည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now