Bloody Love part- 26🖤

305 16 0
                                    

ဧည့်ခန်းထဲသို့ ရောက်သည်နှင့် ယောက်ျား၂ဉီးက ထိုင်ကာ စကားပြောနေသည်ကို တွေ့ရသည်......

တစ်ဉီးက အသက်60ကျော်ကျော်လောက် ဖြစ်သော်လည်း အရွယ်တင်ကာ နုပျိုနေဆဲ.....

ကျန်တစ်ဉီးကတော့ မမ၏ အမွှာအကို ဖြစ်မည်ထင်သည်။ မျက်လုံး၊ မျက်ခုံးရောက မမနဲ့ တစ်ပုံစံထဲ.....

ဆံပင်ဘဲမတူတာဖြစ်သည်။ မမရဲ့ ဆံပင်က နက်မှောင်ပြီး ရှည်လျားသည်။ သို့ပေမယ့် ထိုလူကတော့ တိုသည်.....

မမလည်း ဆံပင်တိုမယ်ဆိုရင် ထိုလူနှင့် တစ်ပုံစံထဲ တူလိမ့်မည်.....

"အဟမ်း!"

ကလျာက ချောင်းဟန့်လိုက်တော့ မြေးအဖိုး၂ဉီးက လှည့်ကြည့်ကြသည်.....

သူ့ကို မြင်သည်နှင့် မင်းနွယ်က ထလာကာ.....

"ကလျာ ဘယ်ရောက်နေတာလဲ.....ငါ့မယ် စိတ်ပူလိုက်ရတာ"

နောင်နောင့်အား မြင်ပုံမရဘဲ သူ့ညီမကိုသာ အစိုးရိမ်တကြီး မေးနေလေသည်.....

ဒါဟာ အကိုတွေရဲ့ မေတ္တာပါဘဲ......

"အာ Boss Dark.....ရောက်လာပြီလား...... "

မီးဖိုချောင်ထဲက ထွက်လာတဲ့ ကောင်လေးရဲ့ အမေးကို မမက ခေါင်းညိမ့်​ပြီးသာ ဖြေသည်......

"မင်းနွယ် နောက်မှ အလွမ်းသယ်.....ဟိုမှာ ဧည့်သည်ကို ခေါ်ဉီး......" ဟု အသိပေးမှသာ နောင်နောင့်အား မြင်သည်.....

သူ့အား မြင်သည်နှင့် ပြုံးပြသည်။ အပြုံးကား အနည်းငယ် ထူးဆန်း၏။ တာဝန်အရသာ နှုတ်ဆတ်သည့် ပုံစံပင်......

"ထိုင်ကြ​လေ.....ဒီကညီလေး လာထိုင်....."

မင်းခက အကုန်လုံးကို ခေါ်မှ ခုံအသီးသီးမှာ ဝင်ထိုင်ကြသည်......

နောင်နောင်ကတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ပင် ထိုင်လိုက်သည်.....

"ကုမ္ပဏီ မသွားကြသေးဘူးလား....."

ကလျာက မေးတော့ မင်းနွယ်က ဖျော်ပေးထားသည့် ကော်ဖီကိုသောက်ကာ ခေါင်းရမ်းပြသည်.......

"ဒါနဲ့ ဒီကကောင်လေးက...."

"သြော် ကျနော် ယောက်ျားခိုးလာတာ....."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now