အပိုင်း ( 36)

1.5K 247 7
                                    

(36)

ဖုန့်ဝူယိုး ကို ဟဲလျန်ချန်း က ဘယ်လိုလုပ် ဒီတိုင်း နောက်ကို ဆုတ်ခွင့် ပေးရမှာတဲ့လဲ။ အဲ့တစ်ယောက် က စုယွမ် နဲ့ ဆက်စပ် နေတယ်လေ။

တကယ်လို့ သူသာ စုယွမ်ကို ထပ်ပြီး ဆုံးရှုံးရရင် အရှေ့တိုက်နဲ့ အနောက်တိုက်ကို မုန်တိုင်းထန်အောင် မွှေနှောက် ပြီးတော့ စုယွမ် ကို ရှာရ တော့ မှာ ပဲ ဖြစ်လေတယ်။

ဟဲလျန်ချန်း  က အရမ်း စိတ်ရှုပ်ထွေး ပြီးတော့ ဘယ်လိုပဲ ဆန္ဒတွေ ရှိနေပါစေ    ဖုန့်ဝူယိုး ကို ဖမ်းဆီးထား ဖို့ သူကျ ရှုံးခဲ့ လေတယ်။

ဟဲလျန်ချန်း က လေထဲမှာ ရပ်တန့် ပြီးတော့ ကျယ်ပြောတဲ့ ကောင်းကင် ကြီးကို ကြည့်လိုက် လေတယ်။ ဘေးပတ်ဝန်းကျင် ဧရိယာ တစ်ခု လုံး မှာ ဘယ်သူမှ မရှိတော့ပဲ လေအေး တွေကသာ သူ့ကိုယ်ပေါ် ကို တိုက်ခတ် သွားတော့ လေတယ်။

ဟဲလျန်ချန်း က တစ်ခဏ တော့ ဆုံးရှုံး သွား သလို ခံစား လိုက်ရကာ သူ့ရဲ့ နှလုံးသား အောက်ခြေ ကနေ စပြီးတော့ ဝမ်းနည်းစိုးရိမ်မှု တွေက တစ်ကိုယ်လုံး ဆီကို ပျံ့နှံ့ သွားတော့တယ်။

သူ အခု  ဘာလုပ် သင့် လဲ?

သူက နောက်တစ်ခါ ထပ်ပြီးတော့ စုယွမ် ကို ဆုံးရှုံး ခဲ့ရ ပြန်ပြီ။

........

ဖုန့်ရှီးရှီး က စုယွမ်ကို ရေခဲ မြွေကလန် ပိုင်နက် ကနေ တိုက်ရိုက် ပဲ ခေါ်ထုတ် ခဲ့ ပြီးတော့ ကန် ကြီး တစ်ခု နားမှာ ရပ်တန့် လိုက်လေတယ်။

စုယွမ် က အမြန်ပဲ ထို အကြောင်းရဲ့ အသေးစိတ် အခြေအနေ ကို မေးမြန်း တော့တယ်။

'' ဘာလို့ အဲ့ နှစ်ယောက် က အိမ် က နေပြီးတော့ ထွက်ပြေး သွားရတာ တဲ့လဲ? ''

'' သမီး နဲ့ ကျို့ကျို့တို့ ခန့်မှန်း မိရ သလောက် ကတော့ သူတို့က အကိုကြီး ကို ရှာဖို့ သွားတာ ပဲ ''

'' ငါ့ကို ရှာဖို့တဲ့လား? ''

စုယွမ် က အဲ့ စကား နှစ်လုံးကို ခပ်တိုးတိုး ရေရွတ် ပြီးတဲ့နောက် သူ့နှလုံးသား မှာ နာကျင်မှု တစ်ခု ပေါ်လာတာ ကို ခံစား ရလေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)حيث تعيش القصص. اكتشف الآن