အပိုင်း( 41.2)

1.5K 233 2
                                    

(41.2)

'' မအိပ်ပျော် သွားနဲ့ ယွမ် ''

'' မင်း အိပ်လို့ မဖြစ်ဘူး ''

'' အားယွမ် မင်းရဲ့ အသိစိတ် ကို မဆုံးရှုံး စေနဲ့ ''

'' အားယွမ် အဲ့တာ က အရမ်းကို အန္တရာယ်များ တယ် ''

ထို မရေမတွက် နိုင်တဲ့ အသံတွေက သူ့ရဲ့ နားထဲကို ဆက်တိုက် ဆိုသလို ရိုက်ခတ် နေပြီးတော့ သူ့ရဲ့ အသိစိတ် ကလည်း အဆုံးမဲ့တဲ့ အမှောင်ထု ကြီးထဲကို ကျသွား တယ်လို့ စုယွမ် ခံစား လိုက် ရလေတယ်။

လူတစ်ကိုယ်လုံး က သူကိုယ်တိုင် ရဲ့ အတွင်းစိတ် ထဲကနေ နက်ရှိုင်းလှတဲ့ မောပန်း နွမ်းနယ် မှုကို ခံစား နေ ရလေတယ်။

သူက ကောင်းကောင်း လေး အိပ်ချင် နေခဲ့တယ်။ ပြီးတော့ ဒီလို မျိုးလေး ပဲ ဆက်အိပ် သွားချင် နေတော့တယ်။

အသိစိတ် က အမှောင်ထု ထဲ လုံးလုံး ကျရောက် မသွားခင်မှာ အဝေးတစ်နေရာ က အလင်းဖျော့ တစ်ချက် လက်သွားတာ ကို မြင်တွေ့ လိုက်ရ လေတယ်။

ဒါပေမယ့် သူက အရမ်း ကို ပင်ပန်း နေခဲ့ ပါပြီ။ သို့ပေမယ့် သူ့ရဲ့ မသိစိတ် ကတော့ သူ့ကို အဲ့လိုမျိုး အိပ်မပျော် သင့်ဘူး လို့ ခံစား နေရ တယ်လေ။ ဒါကြောင့် စုယွမ် က သူ့ရဲ့ အသိစိတ် ကို အတင်းထိန်းကာ အလင်းရောင် ကို တမ်းတ နေလေတယ်။

နောက်ဆုံးတော့ စုယွမ် က မျက်လုံး တွေကို ဖြေးဖြေး ချင်းပဲ ဖွင့်လိုက် လေတော့တယ်။

စုယွမ် လည်း မျက်လုံး ဖွင့် လိုက်ရော ဘေးနားက ဟဲလျန်ချန်း ကို တွေ့လိုက် ရလေတယ်။ သူက တစ်ခြား သူ ကို တွေ့လိုက် ရတဲ့ အချိန်မှာတော့ မမျှော်လင့် ထားပဲ အရမ်းကို လုံခြုံတယ် လို့သာ ခံစား လိုက် ရလေတယ်။

သူ့လက်ကို ဆုပ်ကိုင်ထား တဲ့ တစ်ခြားသူ ရဲ့ လက်က အခုချိန်ထိ ရှိနေ ဆဲ ပဲ ​ဆိုတာ ကို စုယွမ် မြင်လိုက် ရတဲ့ အချိန်မှာတော့ အရမ်းကို ခံစား သွား ရပြီးတော့ စုယွမ်ရဲ့ နှလုံးသား ထဲ က တစ်စုံ တစ်ခု ကလည်း ကျိုးပျက် သွားတော့ လေတယ်။

ဒီလေး အခက်အခဲ ကြုံတဲ့ အခြေအနေ နဲ့ တွေ့ခဲ့ ရတာ တောင်မှပဲ သူတို့ က အချင်းချင်း တစ်ယောက် ကို တစ်ယောက် လက်တွဲ မဖြုတ် ခဲ့ကြ ပါပေ။ သူ့နှလုံးသား ထဲက လွန်ဆွဲ နေမှု နဲ့ ရှောင်တိမ်း နေခဲ့တဲ့ ခံစားချက် ကြီး က အခုတော့ စိတ်သက်သာရာ ရသွား ပြီပဲ ဖြစ်လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now