Dawn -1

1K 41 13
                                    

Unicode

Dawn

အဘူးးး

မျက်နှာပေါ် တဖတ်ဖတ်ကျရောက်နေတဲ့အထိအတွေ့လေးကြောင့် ကျွန်တော်အားရပါးရပြုံးလိုက်မိရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့မှ ကိုယ့်ဟာကိုယ် အိပ်မက်မက်နေမှန်းသတိပြုမိတော့သည်။အိပ်မက်ထဲမှာ ချယ်ရီသီးလေးက ကျွန်တော့်ကို နှိုးနေတာတဲ့။

ဘေးဘက်ကိုကြည့်လိုက်တော့ ကျွန်တော်မြတ်နိုးရတဲ့ ဗိုက်ကလေးက နှစ်ခြိုက်စွာအိပ်ပျော်လို့။ သက်တောင့်သက်သာဖြစ်ရလေအောင် သူသိပ်ကြိုက်တဲ့ ကျွန်တော့်ရဲ့ Pheromone ကြာပန်းရနံ့လေးတွေ ထုတ်လိုက်တာနဲ့ ချစ်စဖွယ် အသံလေးပြုရင်း ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာလေတော့သည်။

မနက်ခင်း အာရုံတက်ချိန်မှာ ချစ်ရသူနဲ့ မွေးမလာသေးတဲ့ ရင်သွေးလေးကိုပါ ထွေးပိုက်ထားရတဲ့ ဘဝက ကျေနပ်စရာအပြည့် ကြည်နူးစရာအပြည့်နဲ့ပေါ့။ ကျွန်တော်ချစ်ရတဲ့ Po ပါးလေးကို ဖွဖွနမ်းတော့ သူ့ကိုယ်ပိုင် နှင်းဆီရနံ့လေးက နှလုံးသားထဲထိ တစိုက်မတ်မတ်တိုးဝင်လာလေရဲ့။

နှင်းဆီရနံ့နဲ့ Omega လေးက  Alpha တွေကြား ရေပန်းစားလွန်းခဲ့တဲ့ နေ့ရက်တွေကို ပြန်ပြောင်းတွေးမိတော့ ထွေးဖက်ထားခြင်းကို ပိုမိုတင်းကြပ်လိုက်မိသည်။

"အင့်... ကို ဘာလို့ အတင်းဖက်တာလဲ ကလေးပါ တခါတည်း ထွက်ကုန်မှဖြင့်ဗျာ"

သူ့ကို အတင်းဖက်ထားမိလို့ နှုတ်ခမ်းလေးထော်ပြီး ပြောလာတဲ့ ဗိုက်ကလေးကို ချစ်ရတာလည်း ပြောမနေပါနဲ့တော့။

"ကိုတို့ရဲ့ ချယ်ရီသီးလေးကို မြန်မြန်တွေ့ချင်လှပြီ Poရဲ့ အဲ့ဒါကြောင့် ခု ဖက်ထားရင်း ထွက်လာလည်း ကောင်းသားပဲ"

"ခင်ဗျားနော် မယုတ်မာနဲ့"

"စတာပါ ချယ်ရီသီးလေးရဲ့ ပါပါးရယ် ဥုံဖွ လာပါဦး ကို့ ချယ်ရီသီးလေးကို စကားပြောပါရစေဦး"

၄ လအရွယ် ဗိုက်ကလေးက အကောင်အထည် မပေါ်သေးပေမဲ့ ကလေးလေးရှိနေတယ်ဆိုတဲ့အသိနဲ့တင် ချစ်စဖွယ်ဖြစ်နေပါပြီ။အသည်းယားလို့ ခပ်ဖွဖွနမ်းလိုက်တော့ ကလေးအဖေလေးက သဘောကျလို့ ပြုံးလို့လေ။

DawnWhere stories live. Discover now