Dawn - 29

348 25 72
                                    

Dawn - 29

အိမ်ရှေ့အိမ်ကလူတွေ သူတို့အိမ်ထဲကနေထွက်လာတာကို အခန်းထဲကနေ လှမ်းမြင်လိုက်တာနဲ့ အိမ်ပေါ်ထပ်ကနေ အောက်ကို ပြေးဆင်းပြီးသားပဲ။ ခြံထဲမှာ အလုပ်ရှုပ်နေတဲ့ ပါပါးက ကျွန်တော့်ကို မြင်တော့ ပြုံးလိုက်ပေမဲ့ မျက်နှာကချက်ချင်းပြောင်းလဲသွားတာက သေချာပေါက် ရင်ဘတ်က တက်တူးကြောင့်ပေါ့။ ကျွန်တော်လည်း မသိချင်ယောင်ဆောင်ပြီး ခြံတံခါးဝနားမယောင်မလည်လျှောက်သွားရင်း ကိုကို့ကို တံခါးဖွင့်ကြိုဖို့ အလုပ်မှာ အသားကင်နေရင်းတန်းလန်းနဲ့ နောက်ကလိုက်လာတာက ပါပါးပေါ့။

//လုပ်ပြီ ပါပါးတို့ ကွက်တိရောက်လာပြီ Daddy ရေ သားကို ကယ်ဦးလေ//

ပါး ကျွန်တော့်နားရောက်မလာခင်မှာ ကျွန်တော်ခြံတံခါးဆွဲဖွင့်လိုက်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တလောကလုံးကို မေ့လျော့သွားသလိုပါပဲ။မျက်မှန်ကိုင်းအကြည်လေးနဲ့ စာကြည့်မျက်မှန်လေး တပ်ထားပြီး ပန်းစည်းကြီးကိုင်လို့ ကျွန်တော့်ကို ပြုံးပြနေသူက ကိုကိုမို့လို့လေ။

"ဟို ညစာလာစားရတာ အားနာလို့ ပန်းနဲ့ဝိုင် ဝယ်လာတာ"

"ကျေးဇူးပါ အကိုရာ ပန်းစည်းကြီးကလှလိုက်တာရော"

ဝိုင်ပုလင်းထည့်ထားတဲ့ အိတ်နဲ့ ပန်းစည်းကို လှမ်းယူပြီး အားပါးတရနမ်းရှိုက်ပစ်လိုက်ရင်း ကျေနပ်စွာပြုံးမိလိုက်တာက အားရပါးရပေါ့။ ဒီပန်းစည်းနဲ့ ကျွန်တော့်ကို ဒုက္ခပေးဖို့ကြံစည်လာသူဟာ ဘယ်လိုပြန်လည်မွေးဖွားခြင်းမျိုးနဲ့ မွေးဖွားလာမှန်းမသိရပေမဲ့ သူဟာကျွန်တော့်ကို ရည်ရွယ်ချက်ရှိစွာ ဒုက္ခပေးဖို့ လုံလောက်တဲ့ အမုန်းတွေရှိနေတာမျိုးပဲလေ။

ကိုကိုက ပြုံးနေသလို သူ့ဘေးကလူကလည်း ကျွန်တော့်ကို တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ ငေးကြည့်လို့။ ကိုယ့်လူကို ပြန်ရဖို့ ကြိုးစားတဲ့ပွဲမှာ ဒီလူကိုကော အသုံးချလို့ရနိုင်သလား။နေပါဦး ဒီလူကို အပြင်တစ်နေရာရာမှာ မြင်ခဲ့မိသလား။

"ဟင် သား ပန်းစည်းကြီးနဲ့"

"Porsche....အချစ် မင်းကို ကိုယ်ကလိုက်ရှာနေတာ မင်းက ဒီရောက်နေတာကိုး"

DawnWhere stories live. Discover now