Dawn - 14

371 38 27
                                    

Unicode

Dawn - 14

ဒေါက် ဒေါက် ဒေါက်....

တံခါးခေါက်သံကြားလို့ အလုပ်လုပ်နေရာကနေ လှမ်းကြည့်လိုက်တော့ သား Mile ရဲ့ မွေးဖခင် ကိုယ့် ခမည်းခမက်ဖြစ်နေလို့ ထိုင်ရာကနေထပြီး ကြိုရသည်။

"Light ပါလား လာလေ"

အခန်းထဲရောက်တာနဲ့ မထိုင်သေးဘဲ တရိုတသေဦးညွှတ်လာတော့ တိတ်ဆိတ်စွာနဲ့ပဲ အသိအမှတ်ပြုလိုက်ရသည်။ သား Mile ဆီကနေ ကြားပြီးလောက်လို့နေမှာပါ။ စောင့်ရှောက်သူမျိုးဆက်ကို မွေးဖွားပေးထားသူပဲမို့ ဓလေ့တွေ အစဉ်အလာတွေသိပြီးလောက်ရောပေါ့လေ။

"ရင်းရင်းနှီးနှီးပဲ ပြောလို့ရပါတယ်"

"ဟုတ်ကဲ့ P'Kinn ကျွန်တော်သားဆီကနေ အားလုံးကြားထားခဲ့ပြီးပါပြီ ...ဘာလို့များ ခုလိုကြမ္မာက ဆိုက်ရောက်လာရသလဲဆိုတာ တွေးတွေးပြီး ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်"

"ဘာကိုမှမလွန်ဆန်နိုင်တာ မင်းအသိပဲမဟုတ်လား လက်ခံပေးရုံပေါ့ Light ရယ်"

"သားက ကျွန်တော့်ကိုပြောပြတော့ မယုံနိုင်အောင်ပါပဲ P'Kinnရယ်... သားလည်း Nephalem နှစ်ယောက်လုံး ရှင်သန်နိုင်မဲ့နည်းလမ်းကို အပူတပြင်းရှာနေသလို ကျွန်တော်လည်း မျိုးရိုးအစဉ်အဆက် သမိုင်းကြောင်းတွေပါ ပြန်လေ့လာပြီး ရှာဖွေခဲ့ပါတယ်....နည်းလမ်းကိုလည်း ရှာတွေ့ခဲ့ပါတယ် ဒါပေမဲ့..."

ဒါပေမဲ့ ဆိုပြီး စကားဆက်မလာတည်းက ကျွန်တော်သဘောပေါက်ပြီးသားပါ။ ဘယ်လိုနည်းလမ်းပဲရှိရှိ အလျော်အစားက ကြီးမားလွန်းမယ်ဆိုတာအားလုံးထက်ပိုသိနေပြီးသားမို့လို့ပါ။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက P'Kinn နဲ့ ကြမ္မာတူခဲ့တဲ့ Nephalem တစ်ယောက်တော့ မသေဘဲ ရှင်သန်ခဲ့ဖူးပါတယ် ဒါပေမဲ့ သူ့ရှင်သန်ခြင်းအတွက် စတေးခံခဲ့တာက အဲ့ဒီ Nephalem ရဲ့ အချစ်ဆုံးလူသားလို့ လျှို့ဝှက်မှတ်တမ်းတွေမှာ ရေးသားထားပါတယ် P'Kinn."

Nephalem  တစ်ယောက်ရှင်သန်ဖို့ သူ့အချစ်ဆုံးလူရဲ့ အသက်ကိုစတေးလို့ အလဲအထပ်လုပ်ရတယ်တဲ့။ မျက်လုံးထဲမြင်ယောင်လာတာက Porsche ရဲ့ မျက်နှာပဲမို့ ရင်ဘတ်တပြင်လုံး နာကျင်လာတဲ့ထိပဲ။ တချိန်လုံး မချစ်ဘဲနေလာခဲ့ပြီး အခု ချစ်မိလာပြီလို့ ခံစားလာရချိန်မှ ကိုယ့်ရှင်သန်မှုအတွက် စတေးပေးရမဲ့လူက ချစ်ရသူတဲ့လား။

DawnWhere stories live. Discover now