Dawn -19

249 24 56
                                    

Dawn-19

ဆေးရုံမှာသုံးရက်ကြာခဲ့ပြီး ဒီသုံးရက်အတွင်းမှာကို Poက တခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ အရင်ကလည်း ကျွန်တော်တို့အပေါ်ချွဲနေကျဆိုပေမဲ့ ဖျားပြီးနောက်မှာ ပိုပိုပြီး ချွဲလာသလို Daddy ကိုလည်း အရင်ကထက်ပိုပြီး တွယ်ကပ်လာတာပါ။ ပါးကတော့ သူ့အမျိုးသားနဲ့ ကလေးကိုကြည့်ပြီး ပီတိဖြစ်နေပေမဲ့ ရင်မအေးနိုင်သူကတော့ ကျွန်တော်နဲ့ Daddy ပါ။ ဖွင့်မေးလို့လည်းမရ ထုတ်ပြောဖို့ကလည်း စိတ်တောင်မကူးရဲတဲ့ ဘဝဆိုတော့လည်း...

"သား နေကောင်းသွားပြီနော် အိမ်ပြန်ရောက်ရင် Daddy က သားကို ဟင်းချက်ကျွေးရမှာ"

"အရင်ကများ အကိုခင် အကိုခင်နဲ့ အခုကျ Daddy က ပါးစပ်ဖျားကမချဘူး တော်တော်ချစ်နေလား"

"ချစ်တာပေါ့ ပါးရ ပါးကရော Daddy ကို မချစ်ဘူးလား"

"မင်းလောက်တော့ ကဲသည်းမနေပါဘူးကွာ"

"ချစ်ရင်ချစ်တယ်ပေါ့ မင်းကလည်း"

"သွားစမ်းပါ မကြီးမငယ်နဲ့ ဘာလာဖြစ်နေလဲ"

"လာပါ သွားကြမယ် အိမ်မပြန်ခင် ကုန်တိုက်တစ်ခုခုဝင်ရအောင်နော် Daddy က သားကို ဒီနေ့ ဟင်းချက်ကျွေးရမှာဆိုတော့ ဈေးတူတူဝယ်ကြမယ် သားတစ်ခါမှ ပါးနဲ့ Daddy နဲ့ ဈေးဝယ်တာတွေလျှောက်လည်တာတွေ မလုပ်ဖူးသေးဘူးလေ"

Po အဲ့လိုပြောတော့ ဖခင်နှစ်ယောက်မှာ စိတ်မကောင်းဖြစ်သွားကြပုံရသည်။ မျက်နှာလေးတွေညှိုးသွားပြီး Poကို ကြည့်နေတာက အားနာနေတဲ့ တောင်းပန်လိုတဲ့ အကြည့်တွေနဲ့ပါ။

"ဈေးဝယ်မယ်ဆို နောက်ကျနေတော့မယ် သားတို့သွားကြစို့လေ ကိုကို့ မီးပုံးပျံလေးက ကိုကို့လက်ကိုတွဲ လာ"

လက်ကမ်းလို့ လှမ်းခေါ်တော့ သူ့ဗိုက်ကလေးကို လက်နှစ်ဖက်နဲ့ ကိုင်ရင်း လမ်းလျှောက်လာပုံက ပင်ဂွင်းတွေလမ်းလျှောက်လာပုံနဲ့တူလို့ ကျွန်တော်ကောက်ချီပြီး မွှေ့ပစ်လိုက်ချင်တဲ့ စိတ်ကိုမနည်းထိန်းနေရတာပါ။ကျွန်တော့်လက်ကို လာကိုင်တဲ့ လက်ကလေးကလည်း နုဖတ်လို့ ကျွန်တော့်မှာ သူ့ကို ခေါင်းအစခြေအဆုံး မြတ်နိုးရလွန်းလို့ ထားစရာနေရာမရှိတဲ့ဘဝ။

DawnWhere stories live. Discover now