Dawn - 9

276 31 24
                                    

Unicode

Dawn - 9

ခစ်ခစ် ပါပါးးး

"သမီးလေး ပါပါး ချယ်ရီသီးလေး"

ဂါဝန်နီနီရဲရဲလေးနဲ့ ခေါင်းမှာလည်း ချယ်ရီသီးအညှာလို ဆံပင်ငုတ်စိညှောက်တောက်လေးကို ဖဲကြိုးစိမ်းလေးနဲ့ စည်းပေးထားတော့ ဒီတတုံးတခဲ ချယ်ရီလုံးလေးဟာ ဒီလောကကြီးမှာ ချစ်စရာအကောင်းဆုံးဖြစ်နေတော့တာပေါ့ဗျာ။

တခစ်ခစ်ရယ်မောပြီး ကျွန်တော့်လက်ကိုဆွဲနေတော့ သူခေါ်ရာနောက်ကို ကျွန်တော်လိုက်လာခဲ့ရသည်။အိမ်ထဲကနေ ခြံထဲက ငှက်အိမ်ကလေးတွေချိတ်ထားတဲ့ သစ်ပင်အောက်ရောက်တော့ လုံးတုံးပုတုလေးက သစ်ပင်ပေါ်မော့ကြည့်ပြီး လက်ညှိုးတထိုးထိုးနဲ့ တခစ်ခစ်ရယ်ပြနေလေရဲ့။သူလက်ညှိုးထိုးပြရာမော့ကြည့်တော့ လူက ကြက်သီးတွေပါ တဖြန်းဖြန်းထမိတော့သည်။သစ်ပင်ကိုင်းတစ်ခုပေါ်မှာ ထိုင်နေသူက Daddy ဖြစ်နေပြီး Daddy နားမှာက အဖြူရောင်အဝတ်အစားနဲ့ အလင်းတွေဖြာထွက်နေသူတစ်ယောက်ရှိနေပြီး Angelတပါးနဲ့တောင် အသွင်တူနေသည်။ဒါပေမဲ့ ထိုသူရဲ့ ရုပ်ရည်ကိုတော့ မမြင်ရပါဘူး။ Daddy က ကျွန်တော့်ကို မြင်တော့ အလန့်တကြားနဲ့ အော်ပြောသည်။

"မလာခဲ့နဲ့ သား ဒီကို မလာခဲ့နဲ့ ....မင်း ငါတယောက်နဲ့တင် မကျေနပ်နိုင်သေးဘူးလား"

"ကောင်းချီးပေးခံရဖို့ မွေးဖွားလာသူဟာ ကောင်းချီးပေးခံရမှာပဲ သခင်လေးရဲ့ သခင်လေးရဲ့ မျိုးဆက်သွေးဟာ ဩဇာတိက္ကမအပြည့်နဲ့ မွေးဖွားလာမဲ့  မျိုးဆက်ဖြစ်ပေတာမို့ ကောင်းခြင်းအဖြာဖြာနဲ့ မွေးဖွားလာချိန်မှာ အနာအဆာတခုကိုတော့ မွေးရာပါအဖြစ်သယ်ဆောင်သွားရမှာပဲ လောကဟာ အဆိုးအကောင်း ဟန်ချက်မညီမျှရင် ပျက်စီးတတ်တယ် မဟုတ်လား"

"ငါ ကတိတည်ခဲ့တယ်လေ ငါ အများကြီးကြိုးစားပြီး ဒီနှစ်တွေမှာ နေထိုင်ခဲ့ရတာ အခု ငါ့သားကိုကျော်ပြီး ငါ့မြေးကို မင်းတို့ ထပ်ရွေးချယ်ပြန်တာလား"

"သခင်လေးရဲ့သားဟာ Nephalem ကို မွေးဖွားပေးမဲ့ သန့်စင်သောဝိညာဉ်ရှိတဲ့ ပထမဆုံးသောသူအဖြစ် ရွေးချယ်ခံထားရတာလေ"

DawnWhere stories live. Discover now