Dawn - 31

144 20 51
                                    

Dawn - 31

လရောင်ကျောင်းတော်...
ည‌အမှောင်ရိပ်မှာပင် မြူခိုးတွေရစ်သိုင်းခြုံလွှမ်းထားသလို ဘယ်ဆီကရယ် မသိရတဲ့ အခိုးအငွေ့ဖြူတို့ကဝေ့ဝဲလို့။ ရဲတိုက်ကြီးတမျှ ကြီးကျယ်ခမ်းနားလှတဲ့ ဒီဘုရားကျောင်းဟာ သာမန်အတိုင်းဆို စည်ကားသင့်လှပေမဲ့ အခုကတော့ သုဿန်တစပြင်ကဲ့သို့ ခြောက်ကပ်တိတ်ဆိတ်လို့ပေါ့။

Neo နဲ့အတူ ဘုရားကျောင်းထဲ စူးစမ်းချင်စိတ်အပြည့်နဲ့ လျှောက်လှမ်းဝင်လာခဲ့ရင်း အမည်ဖော်မရတဲ့ နာကျင်ခြင်းက ကျွန်တော့်နှလုံးသားကို ဆုပ်ခြေလိုက်သလိုပဲမို့ ခြေလှမ်းတို့ တုံ့ခနဲဖြစ်သွားရသည်။

"မင်းသား ဘာဖြစ်လို့ပါလဲ"

"ဘာမှမဖြစ်ဘူး Neo...ဆက်သွားကြစို့"

ဘုရားကျောင်းတံခါးမကြီးကို နှစ်ယောက်သားတွန်းဖွင့်ဝင်သွားတော့ ဘုရားကျောင်းထဲမှာ ဖယောင်းတိုင်မီးတို့က လေမတိုက်ပါဘဲ ယိမ်းနွဲ့ကခုန်လို့။ ကျောချမ်းစရာအနေအထားပေမဲ့ မသိစိတ်ခေါ်ဆောင်ရာကိုလိုက်နေမိတဲ့ ခြေလှမ်းတို့က ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်တိုးနေမိရုံပါပဲ။ ဘုရားကျောင်းအမိုးကနေ ဘုရားသခင်ရဲ့ လက်ဝါးကပ်တိုင်ရှေ့တည့်တည့်နေရာမှာ အလင်းဖြာကျအောင် စတင်တည်ဆောက်သူက စိတ်ကူးစိတ်သန်းရှိခဲ့ပုံရပါတယ်။ မှန်ချပ်အဝိုင်းကနေတဆင့် ဖြာကျနေတဲ့အလင်းရောင်က မှော်ဝင်နေရာတစ်ခုလို ခံစားမိစေပါတယ်။ လရောင်ဖြာကျနေတဲ့ နေရာတည့်တည့်ကို ခြေချလိုက်မိတာနဲ့ လေမတိုက်ပါဘဲ အလိုလိုယိမ်းနွဲ့နေတဲ့ ဖယောင်းတိုင်အလင်းတို့က ငြိမ်ကျသွားပြီး ကျွန်တော်ရပ်နေတဲ့ သံမံတလင်းကနေ စိမ့်ထွက်လာတဲ့ သွေးကွက်ကြီးကြောင့် ကျွန်တော်နောက်ပြန်ဆုတ်လိုက်ရသလို Neo ကလည်း ကျွန်တော့်ကို ကာကွယ်ပေးဖို့ အသင့်အနေအထားနဲ့ပါ။ ထူးဆန်းလွန်းတဲ့ သွေးတွေကြောင့် နှစ်ယောက်သား စကားလည်းမပြောနိုင် အသက်ကိုလည်း ပြင်းပြင်းရှူနေရပြီး ဘာဆက်ဖြစ်လာမလဲဆိုတာကို ကျီးကန်းတောင်းမှောက်သလို လိုက်ကြည့်နေမိစဉ်မှာ နားထဲကနေ ကြားလိုက်ရတဲ့ အသံတစ်ခုကြောင့် နှစ်ယောက်သား ကြမ်းပေါ်ဝပ်ချလိုက်ရပါတယ်။

DawnWhere stories live. Discover now