Dawn - 12

253 30 43
                                    

Unicode

Dawn - 12

ထမင်းစားတည်းက တမူထူးခြားနေတဲ့ ပါပါးကိုကြည့်ပြီး ဘာတွေဖြစ်နေလဲလို့ သိချင်နေတာလေ။ ပါပါးပုံစံကြည့်ရတာ အခုမှရည်းစားစထားဖူးတဲ့ ဆယ်ကျော်သက်လေး ရင်ခုန်နေသလိုပုံစံနဲ့ တူနေတော့ ကျွန်တော်လည်း အကြံထုတ်နေရပြီ။ အကိုခင့်ကို ကြည့်တော့လည်း ပါပါးကို ခဏခဏ စောင်းကြည့်နေလို့ လည်ပင်းတွေလည်း လိမ်တော့မယ်။ ဒီည စုံစမ်းရေးကတော့ ဆင်းမှဖြစ်မယ်ထင်တယ်။

"Po ရေ ကို့ကလေးလေး အိပ်သေးဘူးလား ကို သီချင်းဆိုသိပ်မယ်လေ"

"အစောကြီးရှိသေးတယ် ကိုရဲ့ အိပ်ချင်ပါဘူး"

"ကို့ကို စောင့်မလို့လား ကိုက အလုပ်ကလေးတွေရှိသေးတယ် Poရဲ့ Poက အိပ်ရေးဝဝအိပ်ရမယ်လေ"

"Po အိပ်ချင်သေးဘူး Po လေ ပါပါးနဲ့ အကိုခင့်ကို မသင်္ကာဘူးဖြစ်နေတာ အဲ့ဒါ စုံစမ်းရေးနည်းနည်းဆင်းမလို့"

"အရမ်းတွေလည်း မစနောက်နေနဲ့နော် လူကြီးတွေနေရခက်နေမယ် ဘာပဲလုပ်လုပ် ဂရုတစိုက်လုပ်နော် ချယ်ရီသီးဖေဖေ"

"ဟုတ်ကဲ့ပါခင်ဗျ"

"မသွားခင် အာဘွားပေးသွားဦး"

"ကဲကွာ ကဲကွာ"

သူ့မျက်နှာကြီးကို အားရပါးရ ဖက်နမ်းပစ်တော့ ကျွန်တော်သိပ်ချစ်ရတဲ့ အပြုံးကြီးက သူ့နှုတ်ခမ်းထက်မှာနေရာယူလို့။

"သွားပြီနော် Mission စ တော့မယ်"

ကို့ကို တာ့တာပြခဲ့ပြီး အခန်းထဲကထွက်တော့ ဘယ်သွားရမယ်မသိ။ ပါပါးက အပေါ်ထပ်မှာလား အောက်ထပ်မှာလား အကိုခင်ကရော ဘယ်မှာလဲ။ ဘယ်သွားချောင်းရမှန်းမသိဖြစ်နေတုန်း Wen ကိုတွေ့တော့ ခပ်တိုးတိုးကပ်မေးရသည်။

"Wen ပါပါးနဲ့ Daddy ရောဟင်"

"ဒီညသခင်ကြီးက သခင်လေးPorsche အခန်းမှာပဲ အိပ်မယ်ထင်တယ် ခုနက ပြောနေသံတော့ကြားသား အခုတော့ ခြံထဲမှာ လမ်းလျှောက်နေကြတယ်"

"ဟုတ်ပြီ ကျေးဇူးပဲ Wen"

ဒါဆို ပါပါးအခန်းကနေ အဆင်သင့်ပုန်းပြီး စောင့်နေရုံပဲပေါ့။ပါပါးအခန်းထဲရောက်တော့ အပြင်ကအသံကိုနားစွင့်ရင်း ဟိုဒီလျှောက်ကြည့်နေလိုက်သည်။ဘာမှထူးခြားတာမရှိပေမဲ့ ပါပါးအခန်းထဲက ဝက်ဝံရုပ်ကြီးကိုတွေ့တော့ ကျွန်တော်ပြုံးမိသည်။ ဒီအရုပ်က ကျွန်တော့်အရုပ်လေ။ကျွန်တော်အိမ်ထောင်မကျခင်ထိ များသောအားဖြင့် ပါး နဲ့အတူအိပ်ခဲ့ပေမဲ့ ကျွန်တော်အိမ်ထောင်ကျပြီး အိမ်ခွဲနေတော့ ပါးက အဲ့ဒီအရုပ်ကို ကျွန်တော့်ကိုယ်စား ယူထားပုံရပါတယ်။ တွေးမိတော့လည်း စိတ်မကောင်းဖြစ်ရသား။ သူတယောက်တည်း အထီးကျန်ခဲ့မှာပဲလို့ တွေးမိတော့ စိတ်ထဲက အဆင်မပြေချင်တော့ပါဘူး။ အခု အကိုခင်က ပြောင်းလဲနေပေမဲ့ အရမ်းလည်းမယုံရဲသေးဘူး။ ဘယ်လိုပဲပြောင်းလဲပြောင်းလဲ ပါပါးအတွက်ပဲ ကောင်းတာတွေဖြစ်စေချင်ပါတယ်။ ဟော တံခါးဖွင့်သံကြားတယ် ဘယ်နားပုန်းရမလဲ။

DawnUnde poveștirile trăiesc. Descoperă acum