Dawn - 24

288 26 46
                                    

Dawn-24

ကလေးကစားကွင်းထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ သမီးကိုကြည့်ပြီး သုံးယောက်သား ပီတိပြုံးတွေနဲ့ မှတ်တမ်းတင်ဓာတ်ပုံလေးတွေ ရိုက်ယူနေရတာ လက်မလည်ပါဘူး။ သုံးနှစ်မပြည့်သေးပေမဲ့ သူ့ထက်ကြီးတဲ့အရွယ်တွေနဲ့တောင်အပြိုင်ပြေးလွှားခုန်ပေါက်နေနိုင်တာက သာမန်ကလေးမဟုတ်တာကြောင့်လို့ ကိုယ်တွေက သိထားကြပေမဲ့ စိုးရိမ်စိတ်ကလည်း ရှိသေးတာပါပဲ။

ကိုယ်တွေကသာ စိုးရိမ်နေတာ ပြေးရင်းလွှားရင်း သူ့ဝင်တိုက်ရင်တောင် တိုက်ခံရတဲ့သူက ကျောက်တိုင်ကြီးလို မလှုပ်မယှက်နဲ့ ဝင်တိုက်တဲ့ ကလေးတွေသာ ပိုးလိုးပက်လက် လဲတော့ ကျွန်တော်နဲ့ P'Key ရယ် Lockရယ်မှာ ကြိတ်ရယ်ရပါသေးတယ်။

"ကြည့်ပါဦး ငါ့သမီးလေးက ဝတုတ်တစ်လေးနဲ့ ဂေါ်ဖီထုပ်လေးလို တလိမ့်လိမ့်ပြေးနေတာ ကိုယ်အူယားလိုက်တာကွာ"

အူယားလိုက်တာဆိုပြီး ဘေးမှာထိုင်နေတဲ့ Lockကို P'Key ဆွဲဖက်ဖျစ်ညှစ်ပစ်တော့ ဟိုက ထုရိုက်လို့ ဆူပါတော့သည်။ ရန်ဖြစ်အချစ်စမ်းနေကျစုံတွဲမို့ သူတို့ကိုလွှတ်ထားလိုက်ရင်း သမီးကိုသာ အာရုံစိုက်ကြည့်နေလိုက်သည်။ အထဲမှာ ကလေးတွေ မတော်တဆလဲကျလည်း မနာကျင်စေမဲ့ အခင်းတွေခင်းထားတာမို့ ဘယ်မိဘကမှအထဲထိဝင်မလိုက်ကြပါဘူး။ အန္တရာယ်ကင်းစေမဲ့ အသုံးအဆောင်ပစ္စည်းနဲ့ တည်ဆောက်ပုံစနစ်တွေကြောင့် အပြင်ကနေ စိတ်အေးလက်အေးထိုင်စောင့်ကြည့်ရုံပါပဲ။ မိဘတွေလို့ တွေးမိတော့ သမီးလေးမှာ သူ့အဖေမပါတာမို့ ဝမ်းနည်းစိတ်က ချက်ချင်းလှိုက်တက်လာတာပါပဲ။

ငယ်သေးပေမဲ့ Daddy ရောလို့ တမ်းတမ်းတတမေးတာမျိုးက ရှားပါးလွန်းပြီး သူနေထိုင်မကောင်းမအီမသာဖြစ်မှသာ တခါတလေ မေးတတ်တာပါ။ သမီးက သာမန်ကလေးလည်းမဟုတ်တာမို့ သန်မာပြီးနေမကောင်းလည်းဖြစ်ခဲပါတယ်။အဲ့ဒီတော့ အဖေကို သတိရလို့ ချွဲတယ်အီတယ်ဆိုတာက ဒီနှစ်နှစ်ကျော်မှာ တော်တော်ကိုရှားပါးတဲ့အဖြစ်မျိုးပါ။သမီးဆော့နေတာလေး ထိုင်ကြည့်ရင်းနဲ့ ဗိုက်ထဲက ရုတ်တရက်နာလာလို့ စိတ်ပျက်လက်ပျက်နဲ့ အိမ်သာပြေးဖို့ပြင်ရပါပြီ။

DawnWhere stories live. Discover now