Dawn - 30

179 22 58
                                    

Dawn -30

အတွေးပေါင်းစုံနဲ့ မိုးလင်းခါနီးမှ အိပ်ပျော်သွားတာကြောင့် ဒီမနက်တော့ အခန်းတံခါးခေါက်သံ ခပ်ပြင်းပြင်းကြားမှပဲ လူကလန့်နိုးတော့တာပါ။ နိုးတာနဲ့ ခေါင်းထဲချက်ချင်းဝင်လာတဲ့အတွေးက ညက အိပ်မက်လိုလို တကယ်လိုလိုအဖြစ်အပျက်တဲ့။ တဆစ်ဆစ်နာနေတဲ့ ပခုံးကကိုက်ရာကြောင့်လည်း ဒါကအိပ်မက်ပါလို့ပြောမရ။ အရေးထဲမှ မဖွင့်မချင်း ခေါက်နေတဲ့တံခါးကိုလည်း ထဖွင့်ပေးရသေးတယ်။

"မောင် မထသေးလို့ လာနှိုးတာ ညကအိပ်ရာဝင်နောက်ကျလို့လား နေမကောင်းလို့လားဟင်"

ပြောပြောဆိုဆိုနဲ့ ရင်ခွင်ထဲတိုးဝင်လာပြီး အကိုက်ခံထားရတဲ့ ပခုံးပေါ်ခေါင်းမှေးတင်လိုက်တဲ့ Ryan ကြောင့် လူကတွန့်ခနဲပါပဲ။ကျွန်တော့်ပခုံးတွန့်သွားတော့ ခေါင်းထောင်လာတဲ့ Ryan ကြောင့် ကျွန်တော့်မှာမလုံမလဲစိတ်နဲ့မို့ သူမမေးခင် အနမ်းနဲ့ အာရုံပြောင်းရပါပြီ။ Ryan ပါးကို ထိတယ်ဆိုရုံနမ်းပေမဲ့ ကျွန်တော်သတိရနေမိတာက  မနေ့ညက ပြုစားသွားသူကိုပါပဲ။

"Morning kiss လား မောင် ...ရုတ်တရက်ကြီး ဘာစိတ်ကူးပေါက်လို့လဲဟင်"

"အင်း .... ဒီတိုင်း နမ်းချင်လာလို့"

"Ryan လည်း မောင့်ကို ပြန်နမ်းမယ်"

သူပြန်နမ်းတာကတော့ ပါးကိုမဟုတ်ဘဲ နှုတ်ခမ်းကိုပါ။ဘယ်တုန်းကမှ သူ့ဆီကအနမ်းကို မငြင်းဆန်ဖူးပေမဲ့အခုတော့ ခဏလောက်ထိတွေ့ပြီးတာနဲ့ ကျွန်တော်သိသိသာသာပဲ ရပ်တန့်ရှောင်ဖယ်လိုက်မိပါပြီ။ ဘယ်လိုမဆို တော်ဝင်မင်းသားတစ်ပါးအနေနဲ့ သိက္ခာနဲ့ အသက်ကို ထပ်တူစောင့်ထိန်းလာခဲ့တာပဲမို့ ခုချိန်မှာ ကိုယ်နဲ့တရားဝင်စေ့စပ်ထားတဲ့ ကြင်ယာတော်လောင်းအပေါ် အားနာမိသလို အတွေးတွေလည်း ရှုပ်ထွေးနေရပါတယ်။

"မောင် သွားမတိုက် မျက်နှာမသစ်ရသေးဘူး အချစ်ရဲ့ မနက်စာစားဖို့ အောက်မှာ ဆင်းစောင့်နေနော် ခဏနေ မောင်လာခဲ့မယ်"

"အဲ့ဒါဆိုလည်း ပြီးရော မြန်မြန်လာနော်"

သူထွက်သွားတော့မှ သက်ပြင်းချလိုက်မိပြီး အခန်းထဲက ပြတင်းကနေ လှမ်းမြင်နေရတဲ့ အရှေ့ကအိမ်ကို လှမ်းမျှော်ကြည့်မိရင်း ဘာဆက်လုပ်ရမယ်မသိ။ ညကဖြစ်တဲ့ကိစ္စ ဟုတ်မဟုတ် အတည်ပြုဖို့ဆိုရင် မနေ့ညကပေးခဲ့မိတဲ့ အမှတ်အသား Po ဆီမှာရှိမရှိ အတည်ပြုရမှဖြစ်မယ်လေ။ အဲ့လိုအတည်ပြုဖို့ကလည်း သူ့ဆီသွားနိုင်မှ ၊ သူ့ဆီသွားဖို့ကလည်း အကြောင်းကိစ္စမရှိတဲ့အပြင် Ryan ကလည်း ရှိနေတော့ သွားဖို့ကခက်ပါသေးတယ်။အတွေးတွေများနေရပေမဲ့ ဆက်ပြီး ကြန့်ကြာနေရင် မကောင်းတာမို့ မျက်နှာသစ်သွားတိုက်အဝတ်အစားလဲပြီး အောက်ဆင်းတော့ အကိုနဲ့ Ryan က မနက်စာစားနှင့်နေကြပြီ။

DawnWhere stories live. Discover now