Dawn -21

205 26 28
                                    

Dawn-21

Lock မချထားတဲ့ အခန်းတံခါးဝကို နောက်ပြန်လှည့်ကြည့်လှည့်ကြည့် လုပ်မိတဲ့ အကြိမ်က မရေမတွက်နိုင်အောင် များနေပြီ။ စိတ်တိုဒေါသထွက်သလို သူကိုယ့်ကို ကြောက်ရွံ့သွားခဲ့ရင် မချစ်တော့ရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ တုန်လှုပ်မှုကလည်း လူကို အတိုင်းအဆမရှိ နာကျင်‌ရစေသည်။

"Daddy..."

နောက်လှည့်ကြည့်လိုက်တော့ သားကြီးလက်ထဲမှာ ပျော့ခွေစွာပါလာတဲ့ Porsche ကိုကြည့်ပြီး ချက်ချင်း အနားပြေးသွားကာ လက်လွှဲယူလိုက်သည်။

"သားကို ခွင့်ပြုပါဦး Po နိုးလာရင် ရှာနေမှာစိုးလို့"

"ကျေးဇူးပါ ငါ့သား"

မေ့မျောနေသူကို ကုတင်ပေါ်တင် ရေပတ်တိုက်အဝတ်အစားလဲပေးပြီးသူ့နဖူးပေါ်လက်ရောက်မိတော့မဲ့အချိန်မှာ စိတ်ကိုထိန်းချုပ်လိုက်ရသည်။ ခုနက နာကျင်ကြောက်ရွံ့ခဲ့ရတဲ့ မှတ်ဉာဏ်တွေကို အခုချိန်မှာ အလွယ်လေး ဖျောက်ပေးလိုက်လို့ရပေမဲ့ မလုပ်ချင်တော့ပါဘူး။ ကျွန်တော့်ရဲ့ ပကတိအနေအထားကိုသူသိသွားရင် နာကျင်ရမယ်ဆိုပေမဲ့ အရှိတရားအတိုင်း လက်ခံပြီး ချစ်ပေးနိုင်သလား မချစ်ပေးနိုင်ဘူးလားဆိုတာကိုတော့ သိချင်ပါတယ်။ အသက်တွေလည်းမငယ်တော့ပြီမို့ မကြာခင်မှာ ကိုယ်လည်းသူ့နားကထွက်သွားရတော့မှာပဲမို့ ဖုံးကွယ်ထားတာမျိုးတွေ မလုပ်ချင်တော့ပါဘူး။

"မချစ်ဘဲတော့ မနေပါနဲ့နော် မင်း အချစ်တွေမပါဘဲ ငါထွက်သွားဖို့က မဖြစ်နိုင်ဘူး Porsche ရယ်"

အေးစက်နေတဲ့ လက်ကလေးကို ထွေးဆုပ်လို့ နမ်းရှိုက်ရင်း မျက်ရည်ကျရသည်ထိ Nephalem ပုံရိပ်တွေလည်း ပျောက်ဆုံးနေပြီ။ ဘာတွေပဲဖြစ်နေပါစေ သူ့ရင်ခွင်ထဲခေါင်းချရင်း သူ့အချစ်တွေပွေ့ပိုက်ရင်းပဲ သေသွားချင်တာမို့ ဘယ်လိုမှ သူ့အမုန်းတွေကိုတော့ လက်ခံလိုက်လို့ မဖြစ်ပါဘူး။ ငိုနေရင်းနဲ့ နတ်ဆိုးကောင်အောက်က သူ့ပုံရိပ်ကိုပြန်မြင်ယောင်တော့ Nephalem စိတ်ဝိညာဉ်က ခေါင်းထောင်ထလာပြန်သည်။ သတ်ဖြတ်ချင်တဲ့ အရိုင်းစိတ်တွေဝင်လာတော့ သူ့လက်ကို ရင်ဘတ်ပေါ်ပြန်တင်ပေးခဲ့ပြီး သူနဲ့ဝေးရာအခန်းပြင်ထွက်လာပြီး ဝိုင်ပုလင်းတွေထားတဲ့ အိမ်က ဘားထဲသာ ခြေလှမ်းတွေ ဦးတည်လိုက်တော့သည်။

DawnМесто, где живут истории. Откройте их для себя