Dawn -32

165 24 54
                                    

Dawn - 32

ညသန်းခေါင်ယံအချိန်...
ပြတင်းမှာ ခိုနားလာတဲ့ အဖြူရောင် ခိုတစ်ကောင် သယ်ဆောင်လာတဲ့ စာတစ်စောင်...
ကြမ္မာအလှည့်အပြောင်းဟာ တိတ်ဆိတ်စွာနဲ့ စတင်လာခဲ့ပါပြီ။

🌿😺💚💛

"ဘယ်လိုများ အပြစ်ဒဏ် ချထားပါသလဲ သားတော်"

အိပ်နေရာကနေ မလာချင်တဲ့နေရာ ရောက်လာရလို့ သက်ပြင်းတစ်ချက်သာ ချလိုက်ပါတော့တယ်။ ဖန်ဆင်းရှင်ရဲ့ သားတော် Angel တွေနဲ့ Demon  တို့ရဲ့ တူတော် အင်အားကြီးမားတဲ့ Cambion တွေရဲ့ ဝမ်းကွဲတော်စပ်သူ ကျွန်တော်ဟာ Nephalem ဆိုပေမဲ့ ဖဘုရားရှေ့မှာတော့ ကလေးသဖွယ်ပဲလေ။Angel နဲ့ Demon စပ်ထားတဲ့ hybrid မို့ လူသားဖခင်နဲ့ မိခင်ရှိပေမဲ့ ကျွန်တော့်ကို ဖန်တီးသူဟာ ဖဘုရားပါပဲ။ အကြောင်းကြီးငယ်မရှိဘဲ ဒီကောင်းကင်ဘုံကို တက်ဖို့ စိတ်ကူးမရှိ တက်လည်းမတက် မဆိုင်သလို နေနေတာကို လာဆက်နွယ်ချင်နေကြတော့ စိတ်ပေါက်ပေါက်နဲ့ပြောမိပါပြီ။

"Nephalem တစ်ပါး ထပ်ဖန်တီးပြီး ဒုက္ခပေးတာ အားမရလို့ အိပ်ရေးပျက်အောင်ပါ လုပ်လိုက်တာလား"

"ကံကြမ္မာကို သွေဖီသူဟာ မင်းပဲလေ ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရတာကို ဒုက္ခပေးတယ်လို့ ဘာကြောင့်ပြောရသလဲ Dawn ဟာ ငါကိုယ်တော်ရဲ့ သွေးဆိုလည်း ဟုတ်ပေတာပဲဟာ အခု ကလေးငယ်ကို ဘယ်လိုပြစ်ဒဏ်မျိုးပေးထားသလဲ သိချင်တာ ငါ့အပြစ်လား ဘက်တစ်ဘက်ကို ရွေးချယ်မိသွားရင် ဒီကလေးနဲ့ ငါတို့ဟာ ကမ္ဘာတွေ ခြားကုန်လိမ့်မယ် သူ့မှာ စောင့်ရှောက်ပေးမဲ့သူက မင်းပဲရှိတာလေ"

"ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးထားပြီး သေချာထိန်းကွပ်မှာမို့ ဘာကိုမှ မပူပါနဲ့ စိတ်ချပြီးသာနေပါ အခု ပြန်ခွင့်ပြုပါဦး"

"သေချာမှတ်သားထားပါ Kinn ရွေးချယ်တဲ့ဘက်မှားရင် ကမ္ဘာခြားသွားလိမ့်မယ်ဆိုတာကိုပေါ့"

"လူ့လောကကို အစမ်းသပ်ခံဘဝနဲ့ စေလွှတ်ရှင်သန်စေခဲ့ပြီးမှ ဘာလို့ ဘယ်ဘက်ကိုရွေးမလဲလို့ အမြဲမေးနေရတာလဲ Nephalem တွေက ခင်ဗျားတို့ရဲ့ ဘယ်ဘက်ကိုမှ မရွေးတာ ခင်ဗျားတို့ကို မုန်းလို့ပဲ ကျုပ်တို့က ကိုယ့်ဘာသာ ကာကွယ်ပြီး ရှင်သန်နေရတဲ့ မျိုးစပ်တွေပါ အခု Dawn ကိုလည်း ကျုပ်လိုပဲ ရှင်သန်နိုင်အောင် ပြုစုပျိုးထောင်သွားမှာ အဲ့ဒါကို ခင်ဗျားတို့လည်း မှတ်ထားလိုက်ကြ"

DawnWhere stories live. Discover now