Dawn - 20
"ကိုကို ဆံပင်လေးစည်းပေးပါလား"
ဘယ်ကရှာလာတယ်မသိတဲ့ ဖဲကြိုးဝါလေး လက်ထဲလာထည့်ပေးပြီး သူ့ဗိုက်ကလေး သူ မ လို့ ကျွန်တော်ထိုင်နေတဲ့ရှေ့ ကြမ်းပြင်ပေါ်ထိုင်ချတော့ ဆံပင်ကို အပင်ပေါက်ကလေးထွက်နေသလိုပုံစံ စည်းပေးရပါဦးမယ်လေ။
"Po ဆံပင်လေးတွေကပါ နူးညံ့လာသလိုပဲ ဗိုက်ထဲက ကိုယ်တို့ သမီးလေးက သိပ်ချောမှာပဲနော်"
"ဒါပေါ့ Po နဲ့တူမှာလေ"
"ကိုနဲ့ရော နည်းနည်းပေးမတူချင်ဘူးလား"
"မတူချင်ပါဘူး သမီးလေးကိုကြည့်တိုင်း Poကို အမြဲသတိရနေစေချင်လို့ ချယ်ရီသီးလေးက Poနဲ့ တူနေမှကို ဖြစ်မှာ"
"ကို နဲ့ နည်းနည်းတော့ ပေးတူပါလားကွာ"
"ဟင့်အင်း မရဘူး"
ထပ်ပြီး အရေးဆိုနေရင် ငိုသွားမှာစိုးလို့ တိတ်တိတ်ကလေးသာပြုံးနေရင်း ဆံပင်ကို သူ့အလိုကျ စည်းပေးလိုက်သည်။
"ကဲ ပြီးပြီဗျာ"
အမြတ်တနိုးနဲ့ ငယ်ထိပ်လေးငုံ့နမ်းတော့ ဟိခနဲ ထွက်လာတဲ့ အသံလေးက သူသဘောကျကြောင်း ကြိုက်ကြောင်းဖော်ပြနေတဲ့အသံလေးမို့ ကျွန်တော့်မှာ နောင်တမရပေမဲ့ ဝမ်းနည်းမိသည်။ ကျွန်တော့်ရွေးချယ်မှုက မမှားပေမဲ့ ဒီကလေးကို ဘယ်လိုစိတ်နဲ့ ခွဲခွာသွားရမလဲလေ။
"ကိုကို"
အောက်မှာထိုင်နေရာကနေ ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့ ကလေးအဖေပေါက်စလေးကို ပွေ့ပိုက်ထားရင်း ကျွန်တော်နေ့မှန်းမသိ ညမှန်းမသိနဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်ကျော်သွားလိုက်ချင်ပါတယ်။
"ကိုကို လို့"
"ပြောပါခင်ဗျ"
"Po ကို ချစ်လား"
"သိပ်ချစ်တာပေါ့ ကို့ ကလေးရယ်"
"Po လည်း ကို့ကို ချစ်တယ်"
"သိပဗျာ"
"အဲ့ဒါလေ Po လိုမျိုး ဆံပင်တူတူလိုက်စည်းပါလား ဆင်တူလေးလေ ဒီမှာ Po ဖဲကြိုး အစိမ်းလေး ရှာလာတယ်"
![](https://img.wattpad.com/cover/345420134-288-k31274.jpg)