Dawn -18

237 27 35
                                    

Unicode

Dawn - 18

ကိုကို တဲ့....

ဒီ ခေါ်သံကိုကြားပြီးအမှန်တကယ်ဝမ်းသာမနေနိုင်ဘူးလို့ ပြောရင် ဘယ်သူကမှ ယုံကြမယ်မထင်။ သို့ပေမဲ့ ကျွန်တော် တကယ်ဝမ်းသာမနေနိုင်ဘူးဆိုတာကတော့ အမှန်တရားပါပဲ။ ဘာရယ်အတိအကျမသိပေမဲ့ အိမ်မှာထားခဲ့တဲ့ အစောင့်အရှောက်တွေကို ခေါ်မေးတော့ မကောင်းတဲ့အရိပ်ဟာ အိမ်ပြင်ပဆီ ယနေ့ရောက်ရှိ‌လာခဲ့တယ်တဲ့။ ထိုအရိပ်နတ်ဆိုးအငွေ့အသက်တွေ ပြည့်နေတဲ့ လူဟာ Porsche နဲ့ စကားပြောသွားခဲ့တယ်တဲ့ အိမ်ထဲကို မဝင်ဘဲနဲ့ပေါ့။

ကျွန်တော်ဖုံးကွယ်ထားတဲ့ အကြောင်းအရာကို Porsche ကို ပြောပြဖို့ ကြိုးစားသွားခဲ့ပြီး အောင်မြင်သွားလား မအောင်မြင်သွားလားကတော့ အထူးအထွေတွေးနေစရာမလိုတော့ဘူးလေ။ သူဘယ်အတိုင်းအတာထိ သိသွားသလဲဆိုတာကသာ ကျွန်တော် အဖြေဆက်ရှာရတော့မဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ အပြန်အလှန်ကာကွယ်ပေးချင်တဲ့ မေတ္တာတွေဟာ ဒီလူသားလေးဦးကြားမှာ တိတ်ဆိတ်စွာကျယ်လောင်နေတယ်ဆိုတာကတော့ သားကလွဲလို့ ကိုယ်စီကိုယ်ငှ ခံစားနေကြရပြီဆိုတာကလည်း မလွဲဧကန်ပေါ့။

အခန်းထဲကနေ အပြင်ဝရန်တာထွက်ကာ မတ်တပ်ခဏရပ် ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီး မော့ငေးတော့ မသိရခြင်းတွေကြားမှာပဲစိတ်က ပိုလို့ နစ်မြုပ်ရပြန်သည်။ တိုက်ခတ်နေတဲ့လေပြည်ညှင်းတွေကြားထဲကနေ  ရလိုက်တဲ့ ထင်းရှူးရနံ့လေးနဲ့အတူ ကျွန်တော့်နောက်ကျောကနေ သိုင်းဖက်လာတဲ့ သန်မာနူးညံ့တဲ့လက်တစ်စုံကြောင့် ခံစားနေရတဲ့ အပူတွေက ရုတ်ချည်းငြိမ်းသွားသလိုပါပဲ။ ကိုယ်ကပဲ အမြဲ ကိုယ့်ပင်လယ်ထဲ သူ့ကိုဆွဲခေါ်ခဲ့ဖူးတာ တခါတရံခုလို သူ့သစ်တောအရိပ်ထဲခိုဝင်ရခြင်းကလည်း အေးချမ်းခြင်းတမျိုးပေါ့။

"အေးချမ်းလိုက်တာ"

"အဲ့ဒါကြောင့် သားက ငါ့ pheromone နံ့ကို သိပ်သဘောကျတာပေါ့"

"အချစ်ရော ကိုယ့်ပင်လယ်နံ့ကို ကြိုက်လား"

"ကိုယ့် Alphaရဲ့ pheromone နံ့ကို မနှစ်သက်တဲ့ omegaက ရှိသေးလို့လား Kinnရဲ့ ငါကတော့ မင်းရဲ့ ပင်လယ်ကြီးထဲ နစ်မြုပ်သွားရလည်း ဖြစ်တယ် အဲ့ဒါကြောင့် ငါ့ကိုတော့... မထားခဲ့နဲ့"

DawnWhere stories live. Discover now