Dawn -3

333 38 36
                                    

Unicode

Dawn -3

ခြံထဲခဏလေးဆင်းပြီး လှန်းထားတဲ့ အဝတ်တွေရုပ်ပြီးပြန်တက်လာချိန်မှာ ကျွန်တော့်အသည်းနှလုံးတွေ ပြောင်းပြန်လန်အောင်လို့ အိမ်က စုဗူးလေးက ကြံစည်နေပါပြီ။ ခေါင်းကအောက်စိုက် ခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်လို့ ဘာကျင့်စဉ်တွေ ကျင့်ဖို့ ကြံနေတယ်မသိပေမဲ့ မြင်လိုက်ရတဲ့ ကျွန်တော်ကတော့ ထိတ်လန့်ပြီး ပြေးဆွဲရပါပြီ။

"Po ဘာလုပ်တာလဲကွာ အဲ့လိုကြီး မနေရဘူးလေ ဗိုက်ထဲက ကလေး ဇောက်ထိုးဖြစ်နေမှာပေါ့လို့"

"ကိုကလည်း ဒါ Po လုပ်နေကျတွေပါ"

"အဲ့ဒါ အရင်ကလေ Poရဲ့ အခုက ဗိုက်နဲ့ကို သတိထားမှပေါ့လို့"

"ဆူတာလား"

ဆူတာလား မေးပြီးတာနဲ့ မျက်ရည်ကကျတော့မှာဆိုတော့ ဘဲပေါက်စကြီးကို ပေါင်ပေါ်ပွေ့တင်လို့ ချက်ချင်းကို ချော့ရပါပြီ။ကိုယ်ဝန်ကြောင့် စိတ်က ခုငို ခုရယ်နဲ့ အပြောင်းအလဲအရမ်းမြန်တတ်တာတွေ ဖြစ်တတ်တာမို့ ကျွန်တော့်မှာ လေသံလေးတောင် မမာစေရအောင် အတတ်နိုင်ဆုံးသတိထားနေပေမဲ့ ခုလိုကျတော့လည်း ရုတ်တရက်စိတ်ပူပြီးပြောမိသွားတာပါ။

"ဒီ ဗိုက်ကလေးတယောက်တည်း ကို့မှာရှိတာကို ဆူစရာလား babyရယ်"

"ရေခဲမုန့်စားချင်တယ် ဘူးကြီးကြီး"

"ရေခဲမုန့်ကျွေးမယ် ဘူးသေးသေးပဲ baby လေး ချောင်းဆိုးမှာစိုးလို့လေ နော်"

ရေခဲမုန့် ဘူးအကြီး စားချင်ကြောင်း လက်ကလေးနှစ်ဖက်က သူ့ဗိုက်ကို ပိုက်ပြပြီး ပြောပုံကို ခင်ဗျားတို့ မြင်ယောင်ကြည့်ကြစမ်းပါ။ ကျွန်တော်ဖြင့် မျိုသာချထားလိုက်ချင်တော့တာပါပဲ။

"ပြွတ်....ဘူးကြီးကြီးစားမှာ ကိုကို"

ဘူးသေးသေးပဲစားရမယ်ဆိုလို့ ပါးကိုလာနမ်းပြီး ချွဲနေတော့ ရင်ဘတ်ထဲ ပိုးမျိုးရှစ်ဆယ်ဝင်နေသလို မရိုးမရွနဲ့ အားရပါးရဖျစ်ညှစ်ပစ်လိုက်ရ ဗိုက်ထဲက ကလေးပါထွက်ကုန်ပါလိမ့်မယ်။

"ပြွတ်...ဘူးသေးသေးပဲကွာ"

သူ့လိုနမ်းပြီးပြန်ပြောတော့ နှုတ်ခမ်းက ဘဲနှုတ်သီးလို ထော်ထွက်လာပြီး မျက်လုံးက ‌စိတ်ဆိုးနေတဲ့ကြောင်လေးလို အကြည့်ပြောင်းသွားပါတော့သည်။

DawnWhere stories live. Discover now