Dawn - 8

315 33 69
                                    

Unicode

Dawn - 8

ဘဝမှာ တခါမှ မီးဖိုချောင်မဝင်ဖူးပေမဲ့ အခုတော့ စိတ်လိုလက်ရနဲ့ ခြေစုံပစ်ဝင်ခဲ့မိပြီဆိုပါတော့။ ဒါ တစုံတယောက်အတွက် ပထမဆုံး မီးဖိုချောင်ဝင် ချက်ပြုတ်ဖူးခြင်းပါပဲ။ ကိုယ်တကယ်ချက်ကြည့်တော့မှ ချက်ပြုတ်ခြင်းဟာ မလွယ်ကူမှန်း သိနားလည်လာရတာပါ။ တခါမှ ချက်ပြုတ်ကျွေးလာတဲ့ Porsche ကို ကျေးဇူးတင်တယ်လို့ မတွေးပေးမိခဲ့တာကို အခုတော့ အားနာသလို ခံစားလာရပါပြီ။ဟော တွေးနေတုန်း ဆူလာပြီ။

ဂလုံး ဂလွမ်....

ယောင်ပြီး လက်ဗလာနဲ့ အိုးအဖုံးသွားကိုင်မိလို့ ပူလိုက်တာဆိုတာ ပြောမနေပါနဲ့တော့။ ပူသွားတဲ့လက်ကို နားရွက်ကိုင်လိုက် ပါးစပ်ထဲထည့်လိုက်နဲ့ မျောက်မီးခဲကိုင်မိသလိုပဲဆိုတာ ဒါမျိုးနေမယ်လို့ တွေးမိတော့ ရယ်လိုက်မိပြီ။ကျွန်တော့်ဘဝမှာ တခါမှမဖြစ်ဖူးတာတွေဟာ Porsche ဆိုတဲ့လူသားကြောင့်ချည်းပဲဆိုတာ သူကိုယ်တိုင် သတိထားမိချင်မှ ထားမိမှာပါ။လက်ကတော့ လောလောဆယ် ရဲသွားပြီ။ အကုန်ပြီးစီးမှ ဆေးပါးပါးလူးပါတော့မယ်။ ဒီအသက်အရွယ်ရောက်မှ မလုပ်ဖူးတာတွေလုပ်ပြီး ဖြစ်ချင်သလိုတွေဖြစ်နေတာ ဘယ်သူမှမတွေ့ကြရင်ကောင်းမှာပဲ။

စိတ်ကတွေးပေမဲ့ ဆုတောင်းကတော့ မပြည့်ပါဘူး။ ဗိုက်ကလေးပိုက်လို့ ပြုံးပြုံးကြီး ကြည့်နေတဲ့ သားကို တွေ့လိုက်ရတော့ လက်ထဲက ယောင်းမက လွတ်ကျပြန်ပြီ။ တယောက်တည်း အိုးသံခွက်သံညံနေတော့ မျက်နှာက ဘယ်နားသွားထားရမှန်းမသိတော့ပါဘူး။

"အကိုခင် ဘာချက်နေတာလဲ ပါပါးဖို့လား"

ငြင်းနေလည်း ယုံမှာမဟုတ်တော့ ခေါင်းပဲညိတ်ပြလိုက်ပါတော့တယ်။

"Daddy နားပါ သားပဲဆက်တည်လိုက်ပါ့မယ် နေ့လည်စာရော စားပြီးရဲ့လား"

"မစားရသေးဘူးပဲ သားမေးမှပဲ သတိရတော့တယ်"

"ဒါဆို Daddy ထမင်းစားလိုက်ပါ သားဆန်ပြုတ်တည်လိုက်မယ် အကုန်ထည့်ပြီးနေပြီမှတ်လား"

"ဟုတ်တယ် ကြည့်ပြီး အပေါ့အငန်မြည်းရုံပဲကျန်ပါတော့တယ်"

"အကိုခင့်ကို ထမင်းခူးပေးမယ် ထိုင်နေ အကိုခင်က ဒီနေ့လိမ္မာနေတော့ သားကလည်း ထမင်းခူးကျွေးရမှာပေါ့"

DawnWhere stories live. Discover now