Dawn - 28

168 23 31
                                    

Dawn  - 28

အင်ပါယာမြို့တော်ကြီးကနေ ဒီနေရာကို ရောက်ရောက်ချင်းမှာ နေမရတဲ့ ဗီဇကြောင့် ညီတော့်ဆီက ကားတောင်းပြီး မြို့ထဲတစ်ပတ်လှိမ့်ဖို့ ထွက်လာခဲ့တယ်ပေါ့။ မြင်ရသမျှ လူတွေ တိုက်တာအဆောက်အဦးတွေနဲ့ ဒီမြို့တော်ကြီးကတော့ စည်စည်ကားကားရှိပုံက အင်ပါယာမြို့တော်နဲ့ နင်လားငါလားပဲ။

တစ်နေရာတည်းမှာ အတည်တကျမနေတတ်သလို ကမ္ဘာပတ်ရင်း အချစ်တွေလည်း ဟိုတစ်နေရာ ဒီတစ်နေရာ ဖြန့်ကြဲချထားခဲ့နေကျဆိုတော့ ဒီမြို့မှာရော ချစ်ကြင်နာချင်စရာ Omega လှလှလေးနဲ့များ ကြုံဆုံရနိုင်မလားဆိုတာ မသိနိုင်ဘူးပဲလေ။

ရည်းစားများတယ်လို့သာ နာမည်ရပေမဲ့ ကိုယ်ကစပြီး ချဉ်းကပ်ခဲ့တာမဟုတ်ဘူးဆိုတာလည်း ကိုယ်တွဲခဲ့တဲ့လူ‌တွေနဲ့ ကိုယ်နဲ့သာ အသိဆုံး။ ဝမ်းကွဲညီတော်ကသာ ကြင်ယာတော်လောင်းနဲ့စေ့စပ်ထားပြီး အတည်တကျနဲ့ တော်ဝင်မိသားစုကို စိတ်အေးနေစေတာ ကျွန်တော်ကတော့ လူကြီးတွေမျက်လုံးထဲ ငမိုက်သား၊ ဆိုဆုံးမ မရတဲ့ လူသက်သက်ထက်မပိုဘူးရယ်။ မပိုလည်း နေပါစေလေ ကျွန်တော်ကလွတ်လပ်စွာရှင်သန်ရတာကြိုက်သူမို့ အဆောင်အယောင်ပကာသနတွေလည်း မမက်ပါဘူး။

ကားလှည့်ပတ်မောင်းနေရင်းနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်တွေ့တော့ ကားကို ဆိုင်ရှေ့ ကားပါကင်မှာရပ်လိုက်ပြီး ဆိုင်ထဲဝင်လိုက်တာက ကော်ဖီတောင့်တ‌နေတဲ့ အစာအိမ်ကြောင့်။ ဆိုင်တံခါးတွန်းဖွင့်လိုက်တာနဲ့ ဓာတ်ပြားစက်ကဖွင့်ထားတဲ့ ဂန္ထဝင်တေးသွားတစ်ခုက ကော်ဖီရနံ့နဲ့အပြိုင် လူကို ရစ်သိုင်းလွှမ်းခြုံထားတော့သည်မို့ နှစ်ခြိုက်စွာပြုံးလိုက်မိပါပြီ။

ထောင့်ချိုးနားက စားပွဲငယ်တစ်ခုကိုရွေးပြီး ငြိမ်သက်စွာဝင်ထိုင်လိုက်တော့ ဆိုင်က ကောင်လေးတစ်ယောက်က Menu စာအုပ်လာချပေးသည်မို့ သင့်တော်ရာမှာပြီးပေမဲ့ သောက်ချင်နေတဲ့ အရာတစ်ခုက ဆိုင်ရဲ့ Menu ထဲမှာ ရှိမနေပါဘူး။

"တစ်ခုလောက်  မေးချင်လို့ ညီလေး ...ဒီဆိုင်မှာလေ Tea သက်သက်မရဘူးလား အကိုက ကော်ဖီအပြင် Tea နွေးနွေးလေးလည်း သောက်ချင်လို့"

DawnWhere stories live. Discover now