1

3.1K 250 17
                                    

လူလိမ် အပိုင်း1

တိတ်ဆိတ်ငြိမ်သက်တဲ့
ရပ်ကွက်ထဲက မြေကွက်လပ်အလွတ်
တစ်နေရာလေးမှာတော့
လူငယ်လေးတွေရဲ့ငြင်းခုန် ‌ဆူညံသံတွေအတိုင်းသားကြားနေရသည်

📱📱📱

ဖုန်းသံကြောင့်လိုက်ရှာမိတော့ သစ်ငုတ်တိုမှာတင်ထားတဲ့ဂျင်းဘောင်းဘီထဲကဖြစ်နေသည်

"ထယ်ရေ ဖုန်း"

" မင်းကိုင်လိုက်လေ"

ခြင်းခတ်နေရင်းမှ ပြန်လှမ်းအော်လာတဲ့ထယ်ယောင်းကြောင့် ဖုန်းကိုကိုက်လိုက်ရသည်

📞ဟယ်လို

📞 ဂျီလေးလား ဟိုတစ်ယောက်ကော

📞ခြင်းခတ်နေတယ် အကို

📞 ခေါ်လိုက် အရေးကြိးတယ်လို့

📞ဟုတ်

"ဟေ့ယောင် အမြန်လာ အရေးကြိးတယ်တဲ့"

အဲ့တော့ မှ ဘောင်းဘီတိုလေးနဲ့ချွေးတွေကလဲ ရွှဲစိုနေကာ အနားကိုရောက်လာတဲ့
ထယ်ယောင်း

📞 ကိုကြိးပြော

📞ခနနေ အီရန်ကုမဏီကမုန့်တွေလာယူတော့မယ် မေမေကိုသွားပြောပေး အဆင်သင့်လုပ်ထားလို့"

📞 ကိုကြီးဆိုင်မှာမရှိတော့လို့လား"

📞အေး မလောက်လို့ မေမေကိုပြောထားပြိးပြီ လာယူတော့မဲ့အကြောင်းသာ သွားပြောပေး"

📞ဟုတ်"

"ဂျီမင်း မေမေ့ကိုခနသွားပြောပေး ခနနေ မုန့်မှာထားတဲ့လူ လာယူမယ်တဲ့"

" အေး"

ပြောပိးတာနဲ့ထယ်က ခြင်းဝိုင်းထဲ ပြန်ရောက်သွား‌သည် ဂျီမင်းလဲ မြေကွက်လပ်အလွတ်ရဲ့ တစ်ခြံကျော်က ထယ်ယောင်းအိမ်ကို အပြေးလေးသွားပြီးပြောလိုက်သည်

ဂျီမင်းနဲ့ ထယ်ယောင်းက ငယ်သူချင်းဖြစ်ပြိး အိမ်ကလဲ ကပ်လျှက် ဂျီမင်းကတော့ အသက်ဆယ်နှစ်အရွယ်မှာ ဖေဖေကောမေမေပါ ခရိးသွားရင်း ကားအက်စီးဒင့်ဖြစ်ပြိးနှစ်ယောက်လုံးဆုံးပါးသွားသည်

ဒါကြောင့်  ငယ်ငယ်ကတည်းက
ကိုကြိးဆေးကျောင်းတက်တုန်းအချိန်ဆို ထယ်ယောင်းတို့အိမ်မှာအနေများခဲ့ရသည်

လူလိမ်Where stories live. Discover now