24

1.4K 121 5
                                    

လူလိမ် 24

  အရင်ဉိးဆုံး နိုးလာတာနဲ့ နှာခေါင်းထဲ
ပန်းရနံ့တွေ တိုးဝင်လာသည် လေးလံနေတဲ့ မျက်လုံးကိုဖွင့်ကြည့်တော့ အပေါ်မှာ  ပူစီဖောင်းလေးတွေ ပျံဝဲနေသည်
လှလိုက်တာ ဟုကြည့်‌နေရင်း  ရုတ်တရက်အတွေးထဲ ကားထဲက အကိုလေးကို သတိရသွားသည်

" Happy birthdayပါ ကလေး နိုးလာပြီလား"

အသံကြားတာနဲ့ ချက်ချင်းထကာ

"ကျနော်ဘယ်ရောက်နေတာလဲ
ခများဘာလုပ်တာလဲ"

" တောင်းပန်ပါတယ် ကလေး
ကိုမင်းနဲ့ဝေးလို့မဖြစ်လို့ပါ"

" အခု ခများကျနော့ကို"

" ခိုးပြေးလာတာ"

စိတ်ဆိုးနေတာကို ပြေအောင်မချော့ပဲ
ခိုးပြေးလာတာတဲ့ ဘယ်လိုပြောလို့
ပြောရမှန်းမသိတော့

" ပြန်မယ် ပြန်ပို့ပေး"

" ဟင်အင်း ခိုးလာတာပါဆိုမှ မပို့ပေးနိုင်ဘူး"

" ကျနော် ခများကို မုန်းလိုက်မှာနော်"

" ရော့  ကိတ်ခွဲရအောင် "

" မခွဲဘူး " လှမ်းပေးလာတဲ့ကိတ်ကို
ပုတ်ထုပ်လိုက်တော့  ပြုတ်ကျသွားလေသည်

ဂျောင်ကုလဲ အောက်မှာ ပြုတ်ကျသွားတဲ့ ကိတ်ကိုကြည့်ပြီး ဝဲတက်လာတဲ့မျက်ရည်တွေကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး
ဖယ်ရှားလိုက်သည်

" ကလေး ဘာဖြစ်ချင်လဲ ဘာလိုချင်လဲ ကိုဘယ်လိုနေပေးရမလဲ ကြိုက်တာပြောပါ ဒါပေမဲ့ အိမ်ပြန်မဲ့အကြောင်းတော့မပြောပါနဲ့ ကိုမလိုက်ရောပေးနိုင်ဘူး"

ကို့ကိုယ်ကိုအသဲမာပြီလို့ထင်ထားတာ
တကယ်တမ်းကျတာ့ ကျနော်က အကိုလေးနဲ့ပတ်သက်လာရင် အသဲကမခိုင်

" ကို့ကို‌ခွင့်လွတ်ပါလို့လဲ မတောင်းဆိုတော့ဘူး ဒါပေမဲ့ ကို့အနားကလဲ ဘယ်မှ သွားခွင့်မပြုတော့ဘူး"

ပြုတ်ကျနေတဲ့ကိတ်တွေကောက်သိမ်းရင်းပြောနေတဲ့ အကိုလေးကိုကြည့်ပြီး သနားမိသည်

"‌ကလေးတွေးနေသလို ကိုက အဲ့လောက်ကြီး
တဏှာကြီးတဲ့လူလဲ မဟုတ်ရပါဘူး ရိးစားထားခဲ့ဖူးပေမဲ့ ဘယ်မိန်းကလေးကိုမှလဲ ကို့ပေါင်ပေါ်မတင်ခဲ့ဖူးဘူး"

လူလိမ်Место, где живут истории. Откройте их для себя