17

1.2K 123 15
                                    

လူလိမ် 17

ဂျောင်ကုတစ်ယောက် ကုမဏီပြန်မလာခင် ဟန်နာဖုန်းဆက်လာသည် ကလေးများ
ဘာဂျီကျနေလို့လဲ တွေးမိပေးမဲ့ ဟန်နာပြောလာတာက နင့်ရဲ့ဘေဘီ ပြန်ရောက်နေပြီတဲ့....

‌ကုမဏီကိုပါရောက်လာတယ်ဆိုတဲ့စကားကြောင့် ဂျောင်ကု ခေါင်းမိးတောက်သွားရသည်။ မဖြစ်ဘူး ငါသွားတွေ့မှ ဖြစ်မယ်...

ဘေဘီတို့နေတဲ့ အိမ်ကိုရောက်သွားပြီး ဘေဘီရဲ့မိဘတွေဆီမှာ ခွင့်တောင်းကာ စကားပြောဖို့ တစ်နေရာခေါ်ထွက်လာလိုက်သည်

" လွမ်းနေတာ ကိုကိုရယ်"

ပြောရင်းနဲ့မှ ဂျောင်ကုကိုလာဖက်လေသည်
အသက်လေး၁နှစ်၂နှစ်ကြိးလာတာကလွဲရင် ဘာမှပြောင်းလဲခြင်းမရှိသေးတဲ့ ဘေဘီဟာ အရင်လိုချစ်စရာကောင်းတုန်းပါ

" ကိုကို ဘေဘီကိုမေ့နေပြီလားဟင်"

" ကိုကို မမေ့ပါဘူး ဘေဘီ ဒါပေမဲ့"

" ဘေဘီကိုစိတ်နာနေလားကိုကို"

" စိတ်လဲ မနာပါဘူး "

" ဖြစ်ခဲ့တဲ့အရာတွေအတွက် ဘေဘီတောင်းပန်ပါတယ်"

" ရပါတယ် ကိုကိုပြောတာကိုလဲ တစ်ချက်လောက် နားထောင်ပေးပါဦး"

" ဟုတ်"

" ကိုကို နောက်နှစ်လဆို အိမ်ထောင်ပြုတော့မယ်"

ကြားလိုက်ရတဲ့စကားကြောင့် အိန်ဂျယ် အံ့ဩသွားသည် မိန်းမတစ်ယောက်ကို
ယူဖိုဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုပြိး သိပ်ချစ်ခဲ့တဲ့အိန်ဂျယ်ကိုငြင်းခဲ့တာမဟုတ်လား

" ကိုကို ‌ဘေဘီ နားကြားမှားတာမဟုတ်ပါဘူးနော်"

" ကိုကို တကယ်ပြောတာပါ "

ဂျောင်ကုအပြောကြောင့်
မျက်ရည်လေးဝဲသွားတဲ့ အိန်ဂျယ်
မတတ်နိုင်ဘူး ဘေဘီထက်ချစ်ရမဲ့လူကိုကို့မှာ
ရှိနေပြီမို့ ဒီကိစ္စတွေ ထပ်မရှုပ်လာစေချင်
ဒါပေမဲ့တစ်ချိန်ကချစ်ရသူလေးဝမ်းနည်းသွားတာတွေ့လိုက်ရတော့ စိတ်မကောင်းစွာနဲ့
ရင်ခွင်ထဲ ခနထည့်ကာ နှစ်သိပ့်ပေးလိုက်သည်

" မငိုပါနဲ့နော် "

" ဘေဘီ ဝဋ်လည်တာပါ ကိုကို "

လူလိမ်Where stories live. Discover now