10

1.6K 242 11
                                    

လူလိမ် အပိုင်း 10

ဒီနေ့တော့ နန်ဂျွန်းကို အကူညီတောင်းကာ ကားမောင်းပို့ခိုင်းပြိး ဂျီမင်းတို့ရပ်ကွက်ကို လိုက်ပို့ခိုင်းလေသည်

" မင်းပြောတာ ဒီရပ်ကွက်ဟုတ်လို့လား"

" ဟုတ်တယ် ဟိုတစ်ခါ ငါမုန့်လာယူတာ
ဒီလမ်းပဲ အရှေ့မှာကွေ့လိုက်"

နန်ဂျွန်းလဲ ကားနောက်ခန်းကဂျောင်ကုပြောတဲ့လမ်းကို ကွေ့ဝင်လိုက်တော့ ထွက်လာတဲ့ ဆိုင်ကယ်တစ်စိးနဲ့ တိုက်မိမလိုဖြစ်သွားသည်

ဂျင်းလဲ ဆိုင်ကယ်ရပ်လိုက်ကာ လမ်းထဲကို အရှိန်နဲ့ကွေ့ဝင်လာတဲ့ကားကို မကြည်ကြည့်နဲ့တစ်ချက်ကြည့်လိုက်သည် ဒါပေမဲ့ ကားမှန်က အမဲတွေမို့ မောင်းလာတဲ့လူတောင် သေချာမမြင်ရ

"ဒေါက်တာ"

ကားမှန်ချပြိးခေါ်လာတာမို့ကြည့်လိုက်တော့သူနဲ့ဆေးရုံတစ်ရုံထဲ တာဝန်ကျတဲ့ ဒေါက်တာနန်ဂျွန်းဖြစ်နေသည်

" ဪ ဒေါက်တာ ဘယ်သွားမလို့လဲ"

" ဒီနားလေးတင်ပါ ဒါနဲ့ ထိခိုက်မိသွားသေးလား"

" အာ မထိပါဘူး ဘာမှ မဖြစ်ပါဘူး"

ဂျောင်ကုလဲ အရှေ့က ဂျင်းကိုတွေ့လို့ ကားထဲဝပ်ချလိုက်ကာပုန်းနေလိုက်သည်

" ဒါနဲ့ဒေါက်တာကကော ဆိုင်ကယ်တစ်စိးနဲ့ဘယ်သွားမလို့လဲ"

" ဒီနေ့ ငယ်လေးမွေးနေ့ဆိုတော့ ကိတ်မုန့်သွားမှာပေးမလို့ပါ"

"ဪ ဒါကြောင့် ခွင့်ယူလိုက်တာကိုး"

"ဟုတ်တယ်ဒေါက်တာ ဒါနဲ့ဒေါက်တာကရော ခွင့်ယူထားတာလား"

" ဟုတယ် အရေးကြိးကိစ္စပေါ်လာလို့"

" နန်ဂျွန်း အဲ့လူနဲ့ ငါတွေ့လို့မဖြစ်ဘူးနော်"

ဆိုပြိး ကားနောက်ခန်းကနေ အသံတိုးတိုးနဲ့ ကြိတ်‌ပြိးပြောလာတဲ့ဂျောင်ကု

" ဒါနဲ့ ငယ်လေးဆိုတာက"

" ကျနော့်ညီလေးပါ"

" ဟုတ်လား ညီလေးရှိတာလား "

" ဟုတ်ပါတယ်"

" ဒါနဲ့ကျနော်ကိုရော မဖိတ်ချင်ဘူးလားဒေါက်တာ"

လူလိမ်Where stories live. Discover now