18

1.2K 123 3
                                    

လူလိမ် 18

အိန်ဂျယ်နဲ့တွေ့ပြီးပြန်လာတော့
ထယ်အိမ်မှာဂျောင်ဟိုဆော့ရောက်နေတာ
တွေ့လိုက်ရသည်...
သူတို့နှစ်ယောက်အခြေနေလဲ တော်တော်တိုးတက်နေပြီထင်သည်

"ထယ်ယောင်း ဂျောင်ဟိုဆော့ရောက်နေတယ်ဆိုတော့ငါပြန်တော့မယ်"

" ဘာဖြစ်လို့လဲ ဂျီမင်း ငါလာတာမင်းမကြိုက်လို့လား"

" မဟုတ်ပါဘူး မင်းတို့လွတ်လွတ်လပ်လပ်နေရအောင်လို့ ပြီးတော့ ငါ့လူကြီးကိုလဲ သတိရသွားလို့"

" မင်းကလဲ ကဲလိုက်တာ မသိရင်မတွေ့ရတာ
ကြာနေပြီ ကျနေတာပဲ"

" ထယ် ငါ့ကို ခနပြန်လိုက်ပို့ပေးနော်"

"အေ"

ထယ်ယောင်းပြန်လိုက်ပို့လို့ ဂျီမင်းပြန်အိမ်ပြန်ရောက်လာသည်။ လမ်းမှာလဲ  မင်း မဟုတ်တာ
မလုပ်နဲ့ဆိုပြီးတော့လဲ နားပူလာသည်

အိမ်ပြန်ရောက်တော့  အကိုလေးကို စချင်လို့တိတ်တိတ်လေး ပြန်ဝင်လာလိုက်သည် ဒါပေမဲ့ အိမ်ထဲရောက်တော့ ကားကိုမတွေ့ရတာကြောင့် တစ်ချက်ကြောင်သွားကာ

ဘာလဲ အကိုလေးပြန်ရောက်နေရမယ်
မဟုတ်လား ။
ဒါဆိုအခုဘယ်သွားတာလဲ
ငါမသိအောင် ငါ့နောက်ကွယ်မှာတစ်ခုခုများလုပ်နေတာလား ။
ငါဖုန်းဆက်ကြည့်ရင်ကောင်းမလား ဟင်အင်း ဆက်လို့မဖြစ်ဘူး။
ဘယ်အချိန်မှ ပြန်လာမလဲ ငါစောင့်ကြည့်ရမယ်။
ဂျီမင်းလဲ ဧည့်ခန်းက ဆိုဖါပေါ်မှာထိုင်ရင်း ဘယ်အချိန်ပြန်လာမလဲမသိတဲ့လူကို
စောင့်နေလိုက်သည်

၁၅မိနစ်လောက်ကြာတော့ ကားသံကြားရသည် အကိုလေးပြန်လာပြီဆိုတာ သိလို့
ဂျီမင်းလဲ လန့်အောင်ခြောက်မလို့ဆိုပြီး ဆိုဖာနောက်ဝင်ပုန်းလိုက်သည်

ဂျောင်ကုလဲ အိမ်ထဲ ပြန်ဝင်လာတော့ 
ကလေးမရှိလို့ပျင်းကပ်ကပ်
ခါတိုင်းဆို စရင်းနှောက်ရင်း
ပွေ့ရင်းနမ်းရင်းနဲ့ ရင်ခုန်ပြီးပျော်စရာကောင်းတယ်
မလား

အိမ်ပေါ်ထပ်မတက်သေးပဲ ဆိုဖါပေါ်
ခနထိုင်လိုက်သည်

📳📳📳📳

လူလိမ်Where stories live. Discover now