13

1.4K 144 2
                                    

လူလိမ် 13

"မဂ်လာပါ မမ"

" ဟင် အစောကြီး ရောက်လာတာလား
ဂျောင်ကုကော"

" အကိုလေး မလာသေးဘူး ကျနော် က ကျနော့်သူငယ်ချင်းကိုလာပို့ခိုင်းတာ"

" ဪ

" မမ ဒီနေ့ သိပ်လှနေတယ်နော် "

" ဟုတ်လား မု့န်စားချင်လို့နဲ့တူတယ် ကဲ ဘာစားချင်လဲပြော မမဝယ်ကျွေးမယ်"

" မမကြိုက်တာ ဝယ်ကျွေး"

ဟန်နာလဲ မုန့်စားချင်လို့လာဖားနေတဲ့ဂျီမင်းကိုခေါ်ကာ ကုမဏီရှေ့က ကော်ဖီဆိုင်ထဲ ဝင်လိုက်ကြသည်

**********"""*

ဂျောင်ကုမှာတော့ ထုံးစံအတိုင်း သူ့ကလေးကိုလာကြိုလေသည် အိမ်ရှေ့ရောက်တော့ ခြံတံခါးက ပိတ်ထားသည်

" အကို ဂျီမင်းကိုလာကြိုတာလား"

ဆိုင်ကယ်နဲ့ ပြန်ရောက်လာတဲ့ထယ်ယောင်း

" ဟုတ်တယ် ထယ်လေး "

" သူ့ကို ကျနော်အခုပဲသွားပို့ခဲ့တယ်"

" ကုမဏီကိုလား"

" ဟုတ်တယ်လေ သူကိစ္စရှိလို့တဲ့"

ကုမဏီမှာ သူ့ကိစ္စက ဘာများရှိလို့လဲ သက်သက် လူကို စိတ်ခုအောင် အမြဲလုပ်ချင်နေတာ

" ဒါဆို အကိုသွားလိုက်ဦးမယ်နော်"

" ဟုတ်ကဲ့"

ကော်ဖီဆိုင်ထဲမှာတော့ မမဟန်နာကျွေးတဲ့မုန့်ကိုစားပြိး မမဟန်နာမျက်နှာလေးကို ငေးနေမိသည်

📳📳📳

ဖုန်းလာတော့မှ အကြည့်ကိုလွဲကာ ဖုန်းကိုကောက်ကိုင်လိုက်သည်

" ဟုတ်  ကျနော် ကော်ဖီဆိုင်မှာ"

" ဘယ်သူလဲ ဂျောင်ကုလား"

" ဟုတ်တယ်မမ အသံကမာနေရောပဲ"

" ဂျီမင်းက သူ့ကိုမစောင့်ပဲကိုး "

ခနကြာတော့ ကော်ဖီဆိုင်ထဲကို မျက်နှာတင်းမာစွာနဲ့ဝင်လာတဲ့ဂျောင်ကု

" ကဲပြောပါဦး ဘာကိစ္စရှိလို့ ကို့ကိုတောင်
မစောင့်ပဲလာရတာလဲ"

လူလိမ်Where stories live. Discover now