9

1.5K 227 6
                                    

လူလိမ် အပိုင်း9

ဒီည ယွန်းဂီ ညီအကိုနဲ့ ဂျင်းတို့  ဝိုင်းဖွဲ့ စကားပြောဖြစ်ခဲ့ကြသည် ဂျင်းကဒေါက်တာဖြစ်ပေမဲ့လဲ လူငယ်ပီပီ သောက်တော့တတ်ပါသည် အခုလဲ နည်းနည်းရေချိန်ကိုက်လာတော့ တော်ရုံဆို မပြောတဲ့ ဂျင်းဟာ ညီကိစ္စကိုပြောရင်းဒေါသထွက်လာသည်

" ဘာလဲကွာ ဒါသက်သက် အဲ့လူ ညစ်ပတ်တာ"

" ဟုတ်တယ် အကို ကျနော်ရောက်သွားတာတောင် အားမနာတတ်ဘူး ဘိုက်အောင့်တယ်ဆိုပြိး ပြန်ခေါ်တာပဲ‌ကြည့်လေ"

"ကဲ မင်းကလဲ မိးလောင်ရာလေပင့်နေတယ် မနက်ဖြန်ဆို ပြန်လာမယ်လို့ပြောတယ်မဟုတ်လား"

" ယွန်းဂီ မင်းပြောတဲ့ အဲ့ဒီလူအမေက ငါ့ညီကို ဘာတွေနဲ့ အကျပ်ကိုင်လိုက်တာလဲ"

" ၃လစာလို့ထင်တာပဲ ဒီတစ်ခါ သူ့သားအနားမှာ တစ်လပြည့်အောင်နေနိုင်ရုံနဲ့ ၃လစာပေးမယ်ပြောလို့ ဂျီလေးက သွားလုပ်တာ"

" ထယ်လေး မနက်ဖြန်ငယ်လေးကိုသွားကြိုမှာ မဟုတ်လား"

" ဟုတ် "

" အေး အကိုပါ လိုက်ခဲ့မယ်"

" ဟုတ် "

တစ်ပတ်တစ်ခါလာပြန်လည်မယ်ပြောပြိး
မလာဖြစ်ကတည်းက အဲ့အောက်ပိုင်းသေတဲ့ လူကို မမြင်ဖူးပေမဲ့ ဂျင်းတစ်ယောက် အမြင်ကပ်နေမိသည် မနက်ဖြန်သွားခေါ်လို့ မလွတ်ရင်တော့ တစ်ခါတည်း အလုပ်ပါ အပြီးထွက်ခိုင်းလိုက်တော့မယ်လို့လဲ တွေးထားလိုက်သည် ရှိတာမှ ညီအကိုနှစ်ယောက်ထဲ မဟုတ်လား ညီလေးဖြစ်သူကို အရမ်းသတိရနေပြီလေ

ဂျောင်ကုမှာတော့ တရေးနိုးတိုင်း တစ်ခါ
ခိုးနမ်းနေရတော့ အိပ်လို့တောင်သိပ့်မပျော်
ရင်တွေခုန်နေလို့ပဲ အိပ်မပျော်တာလား သေချာမသိ အခုလို မအိပ်ပဲ ခနခန ခိုးနမ်းနေရတာ ကို့အတွက်
ပိုအဆင်ပြေသလို

စူထော်ပြိးအိပ်ပျော်နေတဲ့ ဂျီမင်းရဲ့မျက်နှာလေးကို တစ်ခါကြည့်ပြိးတစ်သက်မမေ့ရလေအောင် အလွတ်ဖတ်နေမိသည် ဒီလိုနဲ့မိုးလင်းကာနီးမှ ပြန်အိပ်ပျော်သွားတဲ့ဂျောင်ကု

သိပ်ကြာကြာတောင် မအိပ်လိုက်ရ ‌ဖုန်းလာသံကြောင့်ပြန်နိုးလာတဲ့ဂျောင်ကု

လူလိမ်Where stories live. Discover now