12

1.5K 183 5
                                    

လူလိမ် 12

ဂျီမင်းမှာ ဂျောင်ကုရဲ့အထိတွေ့တွေကြောင့် နေမတတ်ဖြစ်လာပြီး အတင်းရုန်းထလိုက်သည်
ပြိးတော့ ဘာပြောလို့ပြောရမှန်းမသိတာနဲ့ လူလိမ်ဆိုပြိး အပစ်ရှာလိုက်တော့မှ
ပြာပြာသလဲဖြစ်သွားတဲ့ အကိုလေးမျက်နှာကိုလဲ တွေ့လိုက်ရသည်

"တောင်းပန်ပါတယ်ကလေး "

" ကျနော် ကလေးလဲမဟုတ်ဘူး
လာလဲ မတောင်းပန်နဲ့ သက်သက် လူကို
ညာခိုင်းနေတာ"

" မဟုတ်ပါဘူး ကို ကလေးကိုလိမ်တာမဟုတ်ရပါဘူး  ပထမ လိမ်တယ်ဆိုတာက ကို မိန်းမယူရမှာစိုးလို့ပါ "

" ဒါဆို အခု အကောင်းကြိးကို ဘာလို့
ကျနော်ကို လိမ်နေတာလဲ "

" ဒါ...ဒါက ကလေး ကို့ဘေးကထွက်သွားမှာစိုးလို့ပါ တောင်းပန်ပါတယ် "

ဂျီမင်းအရှေ့မှာ ဒူထောက်ထိုင်ပြိး တောင်းပန်နေတော့ ကြာကြာလဲမကြည့်ရက်
တကယ်တော့ ကျနော် အကိုလေးကိုစိတ်ဆိုးနေတာမှ မဟုတ်တာ ဒါကြောင့် ကြာကြာ ဟန်မဆောင်နိုင်

" အကိုလေး"

" ကလေး ကို့ကိုစိတ်ဆိုးသွားလားဟင်"

" မဆိုးပါဘူး ဒါပေမဲ့ ကျနော်ကို ဘယ်အချိန်ထိ ဆက်လိမ်ထားမလို့လဲ"

" ကိုပြောပြချင်နေတာပါ ကိုပြောလိုက်ရင် ကလေးသိပြိး အလုပ်ထွက်သွားမှာလဲစိုးရိမ်လို့ မပြောပဲနေခဲ့တာ"

" ဒါဆိုလဲ မနက်ဖန်ကျရင် အန်တီတို့ကိုအမှန်တိုင်းပြောပြလိုက်တော့"

" ပြောပြမှာပါ ဒါပေမဲ့ ကလေးကတော့ ကို့အနားက ဘယ်မှထွက်သွားလို့မရဘူးနော်"

" ကျနော်လဲ အကိုလေးနားက ဘယ်မှ မသွားချင်ပါဘူး"

" တကယ်ပြောတာလားကလေး"

"တကယ်ပေါ့ "

" ဟာ ဝမ်းသာလိုက်တာ"

"  အယ် ဘာလုပ်တာလဲ ဖယ်"

" ချစ်လို့ပါ"

စောစောကအနေထားကြီးကို မနေတတ်လို့ စိတ်ဆိုးသလို စကားကြောင်းလွဲပြီးကာမှ နောက်ဆုံးတော့
ဒီဘူတာပဲ ပြန်ရောက်လာသည်

လူလိမ်Where stories live. Discover now