23

1.4K 127 2
                                    

လူလိမ်23

ဂျီမင်းနိုးလာ‌တော့ မနက်10နာရီရှိနေပြီ
ညက မူးပြီးပြောခဲ့ဆိုခဲ့တာကိုပြန်တွေးမိပြီးဝမ်းနည်းမိသည် တကယ်ဆို ကျနော်တို့နှစ်ယောက်က အရမ်းချစ်ကြတဲ့ချစ်သူတွေလေ......

ခုလိုနေ့ရက်မျိုးတွေ ရှိလာမယ်လို့ တစ်ခါမှ
မတွေးမိပါ  ချစ်တယ်  အရမ်းချစ်လို့
စိတ်ထဲက ဝန်တိုစိုးရိမ်စိတ်တွေပြည့်နှက်နေတာ
ဒါကိုဖြေ‌ဖျောက်ဖို့ဆို ကျနော်တို့လမ်းခွဲမှရမယ် ....

ခများသိလား ကျနော်အစွဲလန်းကြီးတယ်
ခများကို ကျနော်တစ်ယောက်ထဲပိုင်ချင်တယ် .....

ပါးစပ်ကသာ ပြောချင်ရာပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့  အကိုလေးသာမလိမ်ခဲ့ရင် ငါတို့
မဂ်လာပွဲလေး ကျင်းပနေလောက်ပြီလို့လဲတွေးမိသည်....

ကိုကြီးနဲ့ ထယ်တို့ကတော့ ပတ်ဂျီမင်းက ပြတ်သားလိုက်တာ ဆိုပြိး တိုးတိုး တိုးတိုးပြေနေကြပေမဲ့
အရင်လို အိပ်ယာနိုးလာရင် ကြင်ကြင်နာနာနဲ့ နမ်းပေးတဲ့လူ ဂရုစိုက်မဲ့လူမရှိလို့ ပတ်ဂျီမင်းတို့ ခိုးခိုးငိုနေတာ သူတို့မှ မသိပဲ

အခုရော ခြံရှေ့မှာ ရောက်နေပြီလားဆိုပြီး အခန်းထဲကထွက်လာကာ ဧည့်ခန်းကနေ ချောင်းကြည့်လိုက်သည်

တော်သေးတယ် ရောက်လာသေးလို့
ကျနော်ရှေ့ပေါ်မလာနဲ့ပြောခဲ့ပြီး မပေါ်လာမှာကြောက်နေသူကလဲ ပတ်ဂျီမင်းပင်

ဟင်  အန်တီတို့ပါ ပါလာတာလား
ငါဘယ်လိုလုပ်ရမလဲ

တစ်ဖက်ခြံက ထယ်ယောင်းလဲ ညကဆူခံထိပြီး ယွန်းဂီကို စိတ်ဆိုးကာ ဆိုင်မလိုက်သွားပဲ ဂျီမင်းဆီလာဖို့လုပ်တော့ ဂျီမင်းအိမ်ရှေ့မှာ သူ့လူကြိးနဲ့ မတော်ရသေးတဲ့ယောက်ခမတွေပါ ပါလာတယ်ဆိုတော့ မသွားတော့ အိမ်ထဲကနေသာ အခြေနေကိုချောင်းကြည့်နေလိုက်သည်
လူကြီးတွေတောင် ပါလာတယ်ဆိုတော့
ဂျီမင်း‌ ထွက်တွေ့လောက်ပါတယ်လေ။ဟုတွေးရင်း အိမ်မှာပဲပြန်နေလိုက်သည်

"သား မာမီတို့က ဘယ်အချိန်ထိ စောင့်ပေးနေရမှာလဲ"

မာမီမေးလာတော့ ဂျောင်ကုပြန်ဖြေလို့မတတ်
စိတ်ထဲတွေးထားတာက မာမီတို့ကိုတွေ့ရင် ဘယ်လိုပဲဖြစ်ဖြစ် ကလေးထွက်တွေ့လောက်မယ်လို့တွေးထားတာ

လူလိမ်Where stories live. Discover now