2

1.9K 162 5
                                    

လူလိမ် အပိုင်း2

ညက အကိုယွန်းဂီဝယ်လာတဲ့ အကင်တွေ
ဘိုက်အင့်အောင်စားပြိး အိမ်ပြန်လာအိပ်လိုက်တာ ကိုကြိးတောင် ဘယ်အချိန်ပြန်လာလဲ မသိတော့
အခုတော့စောစောနိုးလာပြီမို့  ဆေးရုံမသွားခင် ကိုကြိးအတွက် စားစရာ တစ်ခုခု စီစဉ်ပေးဖို့ ထလာလိုက်သည်

စားစရာတွေ စီစဉ်ပြိးတဲ့အခါမှာတော့ ရေမိုးချိုးကာ ပြန်အိပ်ဖို့ ပြင်လိုက်သည်
ကျနော်က အလုပ်မရှ်ိတဲ့လူမို့ ကိုကြိးကိုတော့ တတ်နိုင်တဲ့ဘက်က ဝိုင်းကူလုပ်ပေးပါသည်

...ဒေါက်...ဒေါက်...
"ငယ်လေးရေ ငယ်လေး နိုးပြီလား"

" ဝင်ခဲ့လေ ကိုကြိး"

"ကဲပြောပါဦး ဘာလို့ ညကအစောကြိးအိပ်သွားလဲ"

" ဘိုက်တင်းသွားလို့ပါ ကိုကြိး "

" ကိုကြိးသိတယ်နော် "

ယွန်းဂီခြံထောင့်မှာ မပစ်ရသေးတဲ့
ဘီယာပုလင်းခွံတွေရယ် တုတ်ချောင်းတွေရယ် ဖေါ့ဖာတွေပါ ပါသေး

" နဲနဲလေးပါ ကိုကြိးရ မနေ့က အကိုမုန့်တွေ ရောင်းရလို့ထောသွားတာလေ"

" အေး ဝိုင်းတော့သွားမလုပ်နဲ့ အစားဆိုရင်တော့ထိပ်က"

" ကိုကြိးစားဖို့ ကျနော်ပြင်ဆင်ထားပေးပြီးပြီသွားကြည့်လိုက်ဦး "

" ဘုရားပွင့်တော့မှာပဲ "

ညီတော်မောင်က အပစ်တစ်ခုလုပ်ထားမှန်းသိသာတယ်  ခိုင်းရင်တောင်
ကိုကြီးကလဲ  ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့
မပြိးဆုံးနိုင်အောင် ရစ်‌ပိးတော့မှ လုပ်တတ်တဲ့လူက အဆင်သင့်လုပ်ထားပေးတယ်ဆိုတော့

ကင်ဆော့ဂျင်းလဲ မျက်စောင်းတဝင့်ဝင့်နဲ့သာ ပြန်ထွက်ခဲ့လိုက်ပြီး စားပွဲပေါ်က စားစရာတွေ တစ်ချက်ကြည့်ကာ မြည်းလိုက်သည် ‌

"တော်သေးတယ် ငယ်လေးက အကိုနဲ့တူလို့
  အချက်အပြုတ်နဲ့ ရုပ်ရည်ကောပြောနေစရာတောင်မလို"

ဂျီမင်းလဲ အကိုနဲ့ အတူစားဖို့
လိုက်ထွက်လာလေသည်

" ငယ်လေး အလုပ်တစ်ခုကြားလာတယ် သွားလျှောက်ကြည့်ပါလား"

လူလိမ်Where stories live. Discover now