6

1.5K 264 14
                                    

လူလိမ်အပိုင်း6

မနက်စာကို ပေါင်မုန့်မိးကင်နဲ့ နွားနို့လေးနွေးပြီးယူလာပေးလိုက်သည် ထိုနောက်အခန်းကိုလဲ သန့်ရှင်းသပ်ရပ်အောင် လိုက်သိမ်းလိုက်သည်
ဒါလေးတောင် ကျနော်မလုပ်ရင်  လစာ လိမ်ယူနေသလို ဖြစ်နေမယ်မဟုတ်လား တစ်နေ့တ‌စ်နေ့ အလုပ်က မရှိပေမဲ့ သူဌေးလေးနဲ့တော့ တကျက်ကျက် စကားများရပါသည်

" ဟိုကောင်လေး နောက်နာရီဝက်နေရင် ရေချိုးမယ်"

" ဟုတ်"

တဘက်သေးသေးတစ်ထည်ယူကာ ရေဖလားလေးနဲ့ အဆင်သင့်လုပ်ထားပေးလိုက်သည်  နောက်နာရီဝက်ကြာတော့ ရေပတ်တိုက်ပေးဖို့  သူဌေးလေးအနားကိုရောက်သွားသည်

" အကိုလေး အင်ကျီချွတ်"

" မင်းချွတ်ပေး"

"ဟုတ်"

ခိုင်းလိုက်တော့ ခေါင်းလုံးလုံး‌လေး အရှေ့နားတိုးလာကာ ညအိပ်အင်ကျီကြယ်သိးလေးတွေ ဖြုတ်ပေးနေသည် ဂျောင်ကုလဲ မသိမသာလေး မျက်နှာရှေ့ရောက်နေတဲ့ခေါင်းလေးကို မထိတထိလေးခိုးနမ်းလိုက်သည်

ငါဘာတွေ လျှောက်လုပ်မိတာလဲ ငါကမိန်းမတောင်စိတ်မဝင်စားတာလေ ဘာလို့ ‌
ဒီကလေးကိုကျတော့ ရင်ခုန်နေရတာလဲ
ဟန်နာပြောသလို ငါကခြောက်နေတာလား

" အကိုလေး ‌ဖင်နဲနဲကြွလေ ဘောင်းဘီချွတ်မလို့ "

" အင်း"

အပေါ်က တဘက်လေးအုပ်ထားပေးပြီး ဘောင်းဘီကိုအမြန်ချွတ်ပေးလိုက်သည်
ငါသာဆိုရင် အဲ့လို သူများကိုမခိုင်းပါဘူး လက်တွေက အကာင်းကြိးကို အဲ့လောက်တော့ကို့ဘာသာကို လုပ်ပါတယ်
ဂျီမင်းစိတ်ထဲပြောရင်း အဝတ်စ ရေစွတ်ပြီး ဂျောင်ကုရဲ့ ရင်ဘတ်ကို ပွတ်လိုက်သည်

ရင်ဘတ်ကြိးတွေကလဲ အကြိးကြိးပဲ လက်မောင်းတွေကော ဖမ်းကိုက်ချင်လိုက်တာ

ဂျောင်ကုမှာတော့ မရိုးမရွနဲ့ ကောင်လေးလုပ်ပေးတာကို ငြိမ်ခံနေမိသည်
ခနနေတော့ ကောင်လေးက အဝတ်နဲ့ပွတ်နေရင်း
ရပ်လိုက်ပြီး ကျနော့ရင်ဘတ်တွေကို သူ့လက်သေးသေးနဲ့ စမ်းလာသည်

" ဘာလုပ်တာလဲ"

" ကိုင်ကြည့်တာလေ ဒါနဲ့ အကိုလေးက အသက် ဘယ်လောက်လဲ"

လူလိမ်Место, где живут истории. Откройте их для себя