15

1.4K 144 4
                                    

လူလိမ် 15

ထိုင်ကြည့်နေတာထက်ဆိုရင် ပေးကလိုက်တာ
ပိုအဆင်ပြေမယ်ထင်သည် ‌ဆက်ပြီးပေးထိုင်ကြည့်နေမယ်ဆိုရင်လဲ ဟန်နာတို့ကို မျက်နှာပူနေရမည် ဟုတ်တယ် ပေးကလိုက်တာပဲကောင်းတယ်

" ကချင်တယ်မဟုတ်လား သွားက"

" တကယ်လား အကိုလေး"

" အင်း ဒါပေမဲ့ မိန်းကလေးတွေအနား
သွားမကရဘူးနော်"

" ဟုတ်"

ဪ တော်တော်ကချင်နေတဲ့ပုံပါပဲ ချက်ချင်းကိုပြေးထသွားပြီး ယောက်ကျားလေးတစ်အုပ်ကြားရောက်သွားတာ


ဟော ကြည့်ဦး ကောင်လေးတွေကြား ဖင်ခါပြီးသွားဒွန့်နေတာ ကြည့်နေတဲ့ကိုက နေမထိ ထိုင်မထိ ဖြစ်ရပြန်သည်

ယောက်ကျားတွေကလဲ ယောက်ကျားချင်းတောင်အလွတ်မပေးကြဘူး ငါ့ကလေးကို ငမ်းနေကြတာ 

ယောက်ကျားချင်းချင်းပဲဆိုပြီးလွတ်ထားရအောင်လဲ မဖြစ်သေး ကျနော်လို ယောက်ကျားတောင် ဒီကလေးကို အရူးမူးဖြစ်နေတာမဟုတ်လား

အေးပေါ့လေ မိန်းကလေးနားမကရဘူးလို့ပဲပြောမိတာကို တကယ်ဆို ယောက်ကျားလေး
နားမှာပါ သွားမကရဘူးလို့ တစ်ခါတည်းပြောလိုက်ရမှာ

" ဂျီမင်း လာကနေတယ်ပေါ့"

အသံနဲ့ နို့က အရင်ရောက်လာပြီး
လူကနောက်မှရောက်လာတဲ့နှင်းနု

" အေး"

အေးလို့ဖြေရင်း အကိုလေးထိုင်နေတဲ့ဘက်ကိုကြည့်လိုက်တော့ နီရဲစူးရှတဲ့မျက်လုံးနဲ့စိုက်ကြည့်နေသည် တကယ်ပါ သူသာ နဂါးဆိုရင် ကျနော်ပြာဖြစ်နေလောက်ပြီ
အရှေ့တည့်တည့်မှာလာကနေတဲ့ နှင်းနုကိုသေချာ
မကြည့်ပဲ မျက်နှာလွဲကာ ကနေလိုက်သည်

" ရော့ ဂျီမင်း ဝိုင်းသောက်ဦး"

ပေးလာတဲ့ ဘီယာဘူးကိုလှမ်းယူပြီး‌
မကြည့်မိအောင်ထိန်းကာ သောက်လိုက်သည်
ပြိးတော့ အကိုလေးကိုလဲ တစ်ချက်တစ်ချက် လှည့်ကြည့်မိသည် အကိုလေးကတော့ အကြည့်တစ်ချက်မှ မလွဲသေး

" ဂျောင်ကု  ဂျီမင်းကိုသွားခေါ်လိုက်တော့ပါလား နှင်းနုလဲ တအားမူးနေပြီ"

လူလိမ်Where stories live. Discover now