လူလိမ် 22
တစ်ပတ်ရှိပြီ ဒီနေ့လဲ အစောကြီး ကလေးတို့အကို ဆေးရုံမသွားခင်အမှီ ထလာပြီးခြံရှေ့မှာလာစောင့်နေသည်
ခနကြာတော့ ကလေးရဲ့အကိုဒေါက်တာကြီးထွက်လာသည်" အကိုဂျင်း ကလေးနိုးပြီလား"
" ငါ့အိမ်မှာ ဘယ်ကလေးမှမရှိဘူးလို့ ဘယ်နှစ်ခါပြောရမလဲ"
" ဂျီမင်းကိုပြောတာပါ"
" သိတယ် ငါချော့ပြောပေးတာလဲ မရဘူး ငယ်လေးက စိတ်ကြီးတယ် "
" ဂျီမင်း မွေးနေ့ရောက်ဖို့ကလဲ သိပ်မကြာတော့ဘူး အဲ့နေ့ကျရင် ကျနော်တို့
လက်ထပ်မလို့ စီစဉ်ထားတာဆိုတော့လေ
သူ ကျနော့ကိုစိတ်ဆိုးပြေမှ ဖြစ်မယ်"" အဲ့ဒါတွေ ငါနားမလည်ဘူး ပြီးတော့ ငါလဲ ငါ့ညီကို ကိုယ်ထိလက်ရောက်စော်ကားတဲ့လူမျိုးနဲ့သဘောမတူနိုင်ဘူး "
" နောက်မဖြစ်စေရဘူးလို့ ကျနော်ကတိပေးထားတယ်လေ လုပ်ပါဗျာ ကျနော် ဂျီမင်းနဲ့ မခွဲနိုင်လို့ပါ"
" မသိတော့ဘူးကွာ မိုးလင်းတိုင်း ငါ့ကို စိတ်ရှုပ်အောင်လာလုပ်နေတာ မမောသေးဘူးလား"
" ကျနော့ကို အိမ်ထဲ ဝင်ခွင့်ပြုပါလား အကို"
" ဘယ်ဖြစ်မလဲ ပေးဝင်လို့မရဘူးလေ
အားတော့နာပါတယ်"ဂျင်းလဲ ညီကိုစိတ်မချဒါကြောင့် အပြင်ကနေ သော့ခတ်ကာ ဂျောင်ကုကို ကျောခိုင်းပြီးထွက်လာလိုက်တော့သည်
တနေကုန်ခြံရှေ့မှာထိုင်စောင့်နေလဲ အိမ်ထဲက ကလေးက အရိပ်ယောင်လေးတောင်မပြ
ကားထဲမှာထိုင်စောင့်နေရင် ဂရုမစိုက်မှာစိုးလို့
နေပူထဲထိုင်စောင့်ခဲ့သည် ဒါလဲမထူးခြား
ညအချိန် 11နာရီ 12နာရီထိုးတဲ့ထိ အအေးခံပြီးစောင့်တော့လဲ ဒီအတိုင်း
ဒါပေမဲ့ စိတ်မပျက်ပါဘူး ကလေးသာ ကို့ကို တကယ်ချစ်ခဲ့ရင် ကြာကြာစိတ်မဆိုးနိုင်ပါဘူးလို့ တွေးပြီး နေ့တိုင်း လာစောင့်နေခဲ့တာလဲ တစ်ပတ်ကနေ နှစ်ပတ်ဖြစ်လာပြီတစ်ဖက်ကဂျီမင်းမှာလဲစိတ်ဆိုးပြီ အခန်းထဲအောင်းနေပေမဲ့ စိတ်ကတော့ ခြံရှေ့က လူဆီမှာသာ
ဘယ်အချိန်ထိစောင့်နိုင်မလဲ ဘယ်လောက်ထိချော့နိုင်မလဲစောင့်ကြည့်ရတာပေါ့ ဂျောင်ကုကြီးရဲ့
YOU ARE READING
လူလိမ်
Fanfictionလူလိမ်ဆိုတဲ့နာမ်စားက နားဝင်မချိုပေမဲ့ မင်းခေါ်တဲ့အခါတိုင်းမှာတော့ ငါ့နှလုံးသားလေး လုပ်ခါသွားရတယ်