5

1.6K 256 13
                                    

လူလိမ် အပိုင်း5

ဖုန်းက နာရီနိုးစက်သံကြောင့် နိုးလာတဲ့
ဂျီမင်း

**ငါညက ရေတောင်မချိုးရပါလား  ဝါးးး**

အိပ်မဝသေးပေမဲ့လဲ အပေါ်က သူဌေးလေးကိုသွားကြည့်ရဦးမှာမို့ ထပြီးရေမိုးချိုးလိုက်သည်

အခန်းပြင်ထွက်လာတော့ ဒေါ်ကြိးတောင်ရောက်နေပြီ

"နိုးလာပြီလားသား"

" ဟုတ် ဒေါ်ကြိးက အစောကြိးလာရတာလား"

" မဟုတ်ပါဘူး ဒေါ်လေးကိုက အစောကြိးနိုးလို့ လာခဲ့တာ အကျင့်လဲ ပါနေပြီဆိုတော့ လာ ဒီမှာ သားအတွက် နို့နဲ့ မုန့်လုပ်ထားပေးတယ် စားလိုက် ပြီးရင် သားသူဌေးလေးအတွက်ပါယူသွားပေးလိုက် "

"ဟုတ် "

ဒေါ်ကြိး ပြင်ထားပေးတဲ့ မနက်စာကို စားပြိးသူဌေးလေးအတွက်ယူကာအပေါ်တက်လာလိုက်သည်

ဟင် တံခါးက ဖွင့်မရပါလား လက်ကလဲမအား ဒုက္ခပဲ ဒီအတိုင်းပဲ ခေါ်ကြည့်လိုက်မယ်လေ

" အကိုလေး အကိုလေး"

နှစ်ခွန်းပဲခေါ်ရသေးတယ် တံခါးက
သူ့အလိုလို ပွင့်လာသည် ဂျီမင်းလဲ အံ့ဩစွာနဲ့ပဲ အခန်းထဲ ဝင်လိုက်တော့ ကုတင်ပေါ် ငုတ်တုတ်ထိုင်နေတဲ့ သူဌေးလေး

" နိုးနေပြီလား ဒီမှာ ဒေါ်ကြိး အကိုလေးအတွက် ပြင်ပေးလိုက်တယ်"

"ဟိုမှာ တင်ထားလိုက်"

နို့ဗန်းလေးကိုင်ထားပြိးဝင်လာတဲ့ ကောင်လေးကို ခနတော့ငေးမိသွားသည် အသက်၂၀သာပြောတာ ဘာလို့ ကလေးတစ်ယောက်လို ချစ်စရာကောင်းနေရတာလဲ

" အကိုလေး မျက်နှာသစ်ပြီးပြီလား"

" မသစ်ရသေးဘူး မင်းကိုစောင့်နေတာလေ"

" Ok အခု ကျနော် လုပ်ပေးမယ်"

" ဟိုမှာ ပစ္စည်း‌တွေ"

" ဟုတ်"

ကုတင်နား  စားပွဲခုံတစ်လုံးကပ်ကာ
ရေတစ်ဖလားနဲ့ သွားတိုက်တံ ဆပ်ပြာယူလာပေးလိုက်သည်  အညစ်ကျေးရေတွေထည့်ဖို့လဲ ဖလားတစ်လုံးအလွတ်ယူထားပေးလိုက်သည်

လူလိမ်Where stories live. Discover now