3

1.6K 139 8
                                    

လူလိမ် အပိုင်း 3

ဟန်နာနဲ့စကားကိုဖြတ်ကာ
ကျနော်နဲ့ပေးစားမယ်ဆိုသော
မိန်းကလေးအား ‌လေယဉ်‌ကွင်းမှာ
သွားကြိုရပေဦးမည်

"ရတီလား မသိဘူး "

" ဟုတ်ပါတယ် ဂျွန်ဂျောင်ကုလား"

" ဟုတ်ပါတယ် မာမီလာကြိုခိုင်းလို့ပါ"

" ဟုတ်ကဲ့ပါ"

ဘယ်လို လူလဲ လာကြိုခိုင်းလို့ပါဆိုပြီး အနောက်ခန်းကို တံခါးဖွင့်လာပေးသည်
တကယ်ဆို သူနဲ့ လက်ထပ်မဲ့မိန်းကလေးပဲ အရှေ့ခန်းမှာတော့ ပေးထိုင်သင့်တာပေါ့ မဟုတ်ဘူးလား

ကားအနောက်ခန်းကို တံခါးဖွင့်ပေးတော့
မကြည့်သလိုကြည့်လာတဲ့မိန်းကလေး

" တက်ပါ"

" အင်း"

အောင့်သက်သက်နဲ့ဝင်ထိုင်လိုက်တဲ့မျက်နှာကိုလဲ သေချာမြင်ဖြစ်အောင်မြင်လိုက်ရပါသေးသည်

" ကျမ ရှင့်ရဲ့ သဘောထားကို တချက်လောက်မေးပါရစေရှင့်"

" ကျနော်ကတော့ မိန်းမ မယူချင်သေးသလို မိဘစကားကိုလဲ နားထောင်မဲ့လူမဟုတ်ပါဘူး"

ပြောလာတဲ့စကားက တုံးတိ အားနာတတ်တဲ့ပုံလဲမပေါ် ယောက်ကျားဖြစ်ပြိးသူကပဲ ငြင်းရသေးတယ်ရှိသေး ဒီက ပိုတောင် မလိုချင်သေးတာ

" ဒီဘက်ကသဘောထားကရော ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"

" ကျမကတော့ မိဘစကားကိုငြင်းစရာအကြောင်းမရှိပါဘူး"

" ဟင် ဒါဆို မင်းက လက်ခံတယ်ပေါ့"

" အင်းလေ လက်ခံလို့ပဲ ဒီကားပေါ်ထိပါလာပြီလေ"

ယောက်ကျားဖြစ်ပြိးတင်စီးနေတဲ့ဒင်းကို စိတ်နှောက်ယှက်တော့ ပြန်ပေးရမယ်

ဂျောင်ကုမှာလဲ ကို့ဘက်ကသဘောမကျတာကို
သူ့ကိုသိအောင်ပြောပြတာကိုမှ ဂရုမစိုက်လက်ခံတယ်ဆိုတော့ အံ့ဩမိသည်
ဒါကြောင့် စကားကိုလဲ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပဲ မာမီအိမ်ကိုသာ မောင်းလာခဲ့လိုက်တော့သည်

" ရောက်လာပြီလား သမိးလေး"

"ဟုတ်ကဲ့ အန်တီ"

လူလိမ်Where stories live. Discover now