8

1.5K 230 13
                                    

လူလိမ်အပိုင်း 8

"သားဂျီမင်းရေ ဒီမှာ မမလေးနဲ ဟန်နာရောက်နေလို့ သားအကိုလေးကို သွားခေါ်လာပါဦး"

" အစောကြိးကို ဘာလာလုပ်ကြတာလဲ
မသိဘူး "

ညက ၁၁နာရီကျော်မှ အကိုလေးပြန်လွတ်လို့အိပ်ရေးမဝပါဘူးဆို အစောကြိးရောက်လာကြတဲ့ ဧည့်သည်ကြောင့် ပွစိပွစိလုပ်ကာ အိမ်ပေါ်ထပ်တက်လာခဲ့လိုက်သည်

ဒေါက်...ဒေါက်...

"ဝင်ခဲ့ပါ"

အိပ်မဝတဲ့မျက်နှာနဲ့စူပုတ်ကာ ဝှီးချဲ သွားတွန်းလာလေသည်

" နိုးနေတာလား  တက် အောက်မှာ ဧည့်သည်တွေရောက်နေတယ်"

ညအိပ်အင်ကျီ ဖရိုဖရဲ ခေါင်းကလဲ ပွကျဲလန်နေပြီး ဖောင်းအစ်အစ်မျက်နှာလေးနဲ့
မျက်စိမဖွင့်ချင် ဖွင့်ချင်လုပ်နေတဲ့ထိုကောင်လေးကို  ဂျောင်ကု အသဲတေတယားယား

" ဘယ်သူတွေ လာတာလဲ"

" မသိဘူး "

ဂျောင်ကုလဲ ဘယ်သူနဲ့မှ ချိန်းထားတာမရှိတော့ ညက ပိတ်ထားတဲ့ဖုန်းကိုသတိရပြိးဖွင့်ကြည့်လိုက်သည် ။ ဟာ မာမီနဲ့ ဟန်နာ ဖုန်းဆက်ထားတာ အ‌ခေါက်ရေကမနည်းမနောပဲ

" မာမီလာတာ မဟုတ်လား"

" မသိဘူးဆို"

" မာမီကိုတောင် မင်းမသိဘူးလား"

" မာမီကတော့သိတယ် ဘယ်သူရောက်နေလဲ မသိတာ"

ဪ ပြောလိုက်မှ ရှင်းသွားတာပဲ ဧကန္တ ကြည့်ရတာ အပေါ်တက်လာတာ မျက်လုံးမဖွင့်လာဘူးထင်ပါရဲ့

တအောင့်ကြာတော့ ဂျီမင်းနဲ့အောက်ထပ်ရောက်လာတဲ့ ဂျောင်ကု

" မာမီတို့က ဘာလာလုပ်တာလဲ
အစောကြိးကို"

" ဟဲ့ အစောကြိးလာတော့ ဘာဖြစ်တုန်း"

" အိပ်မဝသေးတာနဲ့"

" ဘယ်သူအိပ်မဝတာလဲ ဟိုကလေးလား "

" ဘာဆိုင်လို့လဲ ကျနော်ပေါ့"

" သားက ဘယ်တုန်းက ဒီအချိန်ထိ အိပ်ဖူးလို့လဲ အပိုတွေ သိပ်ပြောတာပဲ "

" ဂျီမင်း ငါဧည့်သည်နဲ့ စကားပြောကြာဦးမှာမို့လို့ သွားပြန်အိပ်လိုက်ဦး"

လူလိမ်Where stories live. Discover now