19

1.2K 164 5
                                    

လူလိမ် အပိုင်း19

ဂျောင်ကုတစ်ယောက်အိမ်ရောက်တော့
အပေါ်တောင်မတက်နိုင်သေးပဲ
နေမထိထိုင်မထိနဲ့ ဧည့်ခန်းမှာသာ
ထိုင်စောင့်နေလိုက်သည်

သိပ်မကြာလိုက် ခြံဝမှာ
တယ်စီနဲ့ပြန်လာတဲ့ ဂျီမင်း

ခြံထဲဝင်လာပြီး အိမ်ဝမှာရပ်နေတဲ့ကျနော့ကိုလဲတွေ့ရော အပြေးလေးလာခဲ့ပြီး လူပေါ်ခုန်တက်လာသည် ‌ဒီကလဲ ပြုတ်ကျမှာ စိုးပြီး
ချီထားလိုက်ရင်း ဧည့်ခန်းထဲ ပြန်ဝင်လာလိုက်သည်

" ကိုမရှိတော့ အိမ်မှာတောင်မနေဘူးပေါ့
ဟုတ်လား ကလေး"

" ဟုတ်တယ် အကိုလေးမှမရှိတာ
တစ်ယောက်ထဲပျင်းတာပေါ့"

" အခု ဘယ်သူနဲ့တွေ့ပြီးပြန်လာလဲ ပြောပြ"

ဂျီမင်းလဲပြောရင်ကောင်းမလား မပြောရင်ကောင်း
မလားတွေးနေပြီး
ဒါပေမဲ့ ငါကလိမ်တတ်တဲ့လူမှ မဟုတ်တာ

"လိမ်မယ်စိတ်မကူးနဲ့နော် သတင်းတွေအကုန်ကြားထားပြီးပြီ"

" ဘာသတင်းလဲ ကျနော်ကဘာလုပ်နေလို့လဲ"

" မင်းနဲ့ဘေဘီက"

" မမဟန်နာ ပြောတာမဟုတ်လား"

" ကို မင်းကိုစောင့်ကြည့်ဖို့ လူတွေအများကြီးလွတ်ထားတယ်နော်ဂျွန်ဂျီမင်း "

" လွတ်လွတ်ပေါ့ ကျနော်က ကြောက်နေရမှာလား"

" ဒါဆို အခုဘယ်ကပြန်လာလဲ"

" ကလပ်က"

" ဘယ်သူနဲ့လဲ"

" ဘေဘီနဲ့"

မေးသာမေးလိုက်တာ ကလေးဘက်က အမှန်ကြိးပြောပြလိမ့်မယ်လို့မတွေးမိ အခုလိုအမှန်တိုင်းပြောတော့လဲ ဂျောင်ကုကျေနပ်မိသည်

" ကလေးနဲ့ သူက ဘယ်အခြေနေထိရောက်နေပြီလဲ"

" ဘယ်အခြေနေရောက်ရမှာလဲ ကျနော်တို့က
ဒီအတိုင်း ခင်နေတာကို"

" အဲ့ကလေးမဘက်‌ကရော သူငယ်ချင်းပဲတဲ့လား"

" အကို‌လေး အဲ့ဒါတွေ ခနထားလိုက်
ကျနော်လွမ်းနေတာကို"

" လွမ်းရင်အိမ်မှာပဲနေပေါ့ မိန်းကလေးတွေနဲ့လိုက်သွားပြီးမှ လူကိုလွမ်းတယ်ဆိုတော့ မင်းမလွန်ဘူးလား"

လူလိမ်Where stories live. Discover now